မင်းသားလီမင်ဟို နဲ့ မင်းသမီးပတ်ရှင်ဟေးတို့ရဲ့အကောင်းဆုံးတွေထဲက အကောင်းဆုံးစီးရီးတစ်ခုဖြစ်ပါတယ်…ဒီစီးရီးလေးဟာRating 7.6/10 အထိရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်American Digital Distribution Platform ‘Dramafever’ နဲ့Korean Production တို့က ပထမဆုံး Co Produced ပြုလုပ်ထားတဲ့Drama အမျိုးအစားဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။တောင်ကိုရီးယားမှာလည်း တော်တော်လေး Hit ဖြစ်ခဲ့ပြီးAsia မှာလည်း အရမ်းလူကြိုက်များခဲ့ပါတယ်…..ဒီစီးရီးလေးဟာဆိုရင်စာရေးဆရာမ ( Decendents of the Sun , Goblin) တို့ကို ရေးတဲ့စာရေးဆရာမ Kim Eun Seok ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေထဲကတစ်ခုဖြစ်ပါတယ်Hallyu လောကမှာ နာမည်ကြီး ပရိသတ်အခိုင်အမာရထားတဲ့Lee min ho နဲ့ Park Shin Hye ကိုတွဲပေးထားပြီးအရံ ဇာတ်ပို့တွေကအစ နာမည်ရထားတဲ့သူတွေပဲ သုံးထားလို့မထွက်ခင်ကတည်းက ပရိသတ်စိတ်ဝင်စားခဲ့တဲ့စီးရီးလေးလည်းဖြစ်ပါတယ်…ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်ချမ်းသာပြီးအထီးကျန်ဆန်နေရတဲ့သူဌေးသားလေး ကင်တန်နဲ့သူဆင်းရဲမလေး ချားအွန်ဆန်းတို့ လူငယ်နှစ်ယောက်ရဲ့မိုးနဲ့မြေ မဖြစ်နိုင်တဲ့ အချစ်ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပါတယ်…တကယ်တော့ အချစ်ဆိုတာ ပကာသနတွေမလိုပါဘူး…တကယ်ချစ်လာကြတဲ့ အချိန်ကျရင်တော့ တစ်ယောက်နဲ့တစ်ယောက်ပင်လယ်ပြင်ကြီးနဲ့ကောင်းကင်ကြီးလောက်ပဲ ဝေးဝေးနှလုံးသားချင်းထပ်တူကျသွားမှာပါ……..