မိဘတွေအသတ်ခံလိုက်ရပြီးနောက်မှာ မိဘချင်းရင်းနှီးခဲ့ကြတဲ့နန်းတဝမ်တို့မိသားစုဆီကို နမ်ဆိုတဲ့ကောင်မလေးဟာ ရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ နန်းတဝမ်တစ်ယောက် နိုင်ငံခြားကိုသွားဖို့ဖြစ်လာတော့ မိဘတွေရဲ့အဖြစ်အပျက်ကြောင့်စိတ်ဒဏ်ရာရသွားတဲ့ နမ်လေးကို ဆေးကုသပေးရင်း ကျောင်းတတ်ဖို့အတွက် အတူတူသွားဖို့ဖြစ်လာပါတယ်။ဒီလိုနဲ့ မိခင်မြေကို ပြန်လာပြီးနောက်မှာတော့ နန်းတဝမ်ရဲ့ နမ်းလေးအပေါ်ထားတဲ့ဖြူစင်တဲ့အချစ်တွေဟာ အရောင်ပြောင်းလာရင်း ဘယ်လိုတွေ ဖွင့်ဟဝန်ခံသွားမလဲ …..သူတို့ရဲ့ ဘဝထဲကို ဖာရ်ခမ်းဆိုတဲ့သူရောက်ရှိလာပြီး ဖာရ်ခမ်းဟာလည်း နမ်လေးကို ချစ်မိသွားရာကနေ ….နန်းတဝမ်နဲ့ ဖာရ်ခမ်းတို့ နမ်လေးရဲ့အချစ်ကို ရဖို့အတွက်ဘယ်လိုတွေ ကြိုးစားသွားမလဲ ဆိုတာကို ခံစားကြည့်ရှုရမယ့် ဒရာမာစီးရီးကောင်းလေးဖြစ်ပါတယ်။