Until I Destroy My Husband's Family FHD

Until I Destroy My Husband's Family

Drama FHD 2024

တစ်ဘဝမှာတချစ် တချစ်မှာ တအိမ်ထောင်လို့ ယုံကြည်ထားပြီး…အချစ်ဦးနဲ့ပဲလက်ထပ်ထားတဲ့ ကီဆာရာဂီ မိနိုရီ တစ်ယောက်… သူ့ဘဝမှာ လုံးဝကို ပြီးပြည့်စုံတဲ့ အချစ်ကို ရှာတွေ့ထားသူတစ်ယောက်ပေါ့…အထက်တန်းကျောင်းမှာ ပထမဆုံး ချစ်သူထားခဲ့ပြီး ပထမဆုံးအနမ်းလည်း သူနဲ့အိမ်ထောင်ကျတော့လည်း သူနဲ့သေတစ်ဖန်သက်တစ်ဆုံး သူနဲ့ပဲ ဘဝကို အဆုံးသတ်မယ် တွေးထားသူပေါ့…ဒီလိုပျော်ရွှင်ဖွယ်စိတ်ကူးယဉ်ကမ္ဘာထဲနေနေတဲ့သူ့ကို ကိစ္စတစ်ခုက လုံးဝလှန့်နိုးလိုက်ပါတယ်…ဒါကတော့ တစ်နေ့ သူ့ယောက်ကျားအိမ်မှာကျန်ခဲ့တဲ့ ဖုန်းကို ကြည့်လိုက်မိချိန်သူ့ယောက်ကျားက လူတစ်ယောက်နဲ့ ချိန်းထားတယ်တဲ့… သိချင်လို့ လိုက်ကြည့်မိတော့အထက်တန်းကျောင်းသားလေးတဲ့… မဟုတ်ဘူး အထက်တန်းကျောင်းသားလေး အမေပါပါသေးတယ်…အထက်တန်းကျောင်းသားလေး အမေကို မွေးနေ့ပွဲလုပ်ပေးနေပုံက ပြီးပြည့်စုံတဲ့ မိသားစုတစ်ခုလိုပဲ…သူ့ကိုသိပ်ချစ်တဲ့ယောက်ျားက တခြားမိန်းမကို ပြုံးရယ်ပြနေသတဲ့လား…သူနဲ့ပဲဆိုင်တဲ့ အပြုံးတွေက တခြားသားအမိနဲ့လည်း ဆိုင်တယ်တဲ့လား…သူ့သားလေးအပေါ် အေးစက်သလောက် သူများသားအပေါ် အရမ်းတွေ ကြင်နာပြနေတယ်တဲ့လား…သူ့သားလေးအဖေက သူများသားအဖေပါဖြစ်နေပြီလား… သူတို့က ဘယ်အချိန်တည်းက ဒါမျိုးတွေဖြစ်နေကြတာလဲ…မေးခွန်းပေါင်းများစွာနဲ့ သူမဟာ မူးမေ့မတတ်ဖြစ်သွားပါတော့တယ်။အဲ့ဒီကလေးအမေဟာလဲ သူတို့နဲ့ကျောင်းတုန်းက အတန်းတူတွေပဲဆိုတော့သူချစ်ရတဲ့ခင်ပွန်းဟာ ဘယ်အချိန်ကတည်းက သူမကို ဖောက်ပြန်နေတာလဲ….ရှေ့ဆက်ခရီး ဘယ်လိုဆက်မလဲ…သူမခံစားနေရတာတွေအတွက် ဘယ်လိုတွေ လက်စားချေမလဲဆိုတာ….။သူ့လောက် လောင်တဲ့ကားတောင် သူ့လောက်မလောင်တာမို့…တစ်ခုခုနဲ့ လောင်ပြီး စိတ်အပန်းဖြေချင်ရင် ဒီဂျပန်စီးရီးလေးကို ကြည့်လိုက်ကြပါနော်။