Parole Examiner Lee FHD

Parole Examiner Lee

Crime Drama FHD 2024

အီဟန်ရှင်း (Go Soo) ကတော့ ရှေ့နေတစ်ဖြစ်လဲ အကျဉ်းသားတွေကို ယာယီလွတ်ငြိမ်းခွင့်ပေးသင့်မပေးသင့်ကို ဆုံးဖြတ်ချက်ချပေးရတဲ့ စစ်ဆေးရေးမှူးတစ်ယောက်ပါ ..သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ပိုက်ဆံ ၊ နောက်ခံ ၊ အဆက်အသွယ် အစရှိတာတွေနဲ့ ယာယီလွတ်ငြိမ်းခွင့်စနစ်ကို ကြိုးကိုင်ခြယ်လှယ်ပြီးထောင်က လွတ်ဖို့ ကြိုးစားနေတဲ့လူတွေကို တားဖို့ပေါ့ ..ချွဲဟွာရန်း (Baek Ji-Won) ကတော့ ငွေတိုးချေးစားသူဖြစ်ပြီးသူပြန်မရတဲ့အကြွေးတွေကို ပြန်ယူဖို့အတွက် ဟန်ရှင်းနဲ့ လက်တွဲလုပ်ကိုင်နေသူပါ .. အန်ဆောယွန်း (Kwon Yuri) ကတော့ ace စုံထောက်မလေးပါဆောယွန်းအတွက် အကြီးမားဆုံး အဖြစ်အပျက်တစ်ခုကတော့ သူ့ညီမလေးရဲ့ သေဆုံးမှုပါပဲ ..သံသယတော့ရှိနေပေမဲ့ သက်သေမရှိတဲ့အတွက် အမှုပိတ်သိမ်းခဲ့ရပါတယ် ..တောင်ကိုးရီးယားရဲ့ စုံထောက်တစ်ဦးအနေနဲ့ ဥပဒေဘောင်အပြင်ဘက်ကတရားမျှတမှုကို စိတ်ကူးတောင် မယဉ်ကြည့်နိုင်ခဲ့တဲ့သူ ဖြစ်ပေမဲ့ တစ်ခါတစ်ရံမှာ ဥပဒေဘောင်အတွင်းကနေ ဖြေရှင်းလို့မရနိုင်တဲ့ အမှုတွေရှိမှန်းနားလည်သွားတဲ့ ဆောယွန်းတစ်ယောက် .. အီဟန်ရှင်း ချွဲဟွာရန်းတို့နဲ့ လက်တွဲပူးပေါင်းပြီးညီမဖြစ်သူကိုသတ်တဲ့ တရားခံအစစ်ကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်…မသမာတဲ့နည်းလမ်းနဲ့ ထောင်ထဲက လွတ်ဖို့ ကြံစည်နေတဲ့ အကျဉ်းသားတွေကိုသူတို့ ၃ ယောက် ဘယ်လိုတားဆီးသွားမလဲဆိုတာကိုတော့ ဒီဒရမ်မာလေးထဲမှာအပတ်စဉ် တနင်္လာ အင်္ဂါနေ့တိုင်း စောင့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ .