ရွမ်လျိုကျန်းဆိုတဲ့ ကောင်မလေးတစ်ယောက် မွေးရပ်ကနေ ထွက်သွားခဲ့တာ ၇နှစ်ကြာပြီးတဲ့နောက်မှာ သူ့ကြီးပြင်းခဲ့တဲ့ မြိုမှာရှိတဲ့ ပေယာဆေးရုံရဲ့ အာရုံကြောခွဲစိတ်ဌာနကို ဆရာဝန်တစ်ယောက်အဖြစ်ရောက်ရှိလာခဲ့ပါတယ်… ပေယာဆေးရုံမှာ ဆက်လက်လုပ်ကိုင်နိုင်ဖိုအတွက် အလုပ်ထဲမှာ စိတ်အာရုံကို နှစ်ထားခဲ့ပါတယ် ဒါပေမယ့် သူ့အတွက်နေရခက်စေတာကတော့ သူ့ရဲ့ အရင်ယောက်ျား ဖြစ်တဲ့ နင်ကျစ်ချန်က အာရုံကြောခွဲစိတ်ဌာနရဲ့ အတော်ဆုံးဆရာဝန်တစ်ယောက်ဖြစ်နေခဲ့တာပါပဲ… နင်ကျစ်ချန်တစ်ယောက် လွဲချော်ခဲ့တဲ့မင်္ဂလာကိစ္စကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ရွမ်လျိုကျန်းအတွက် သူ့ဘက်ကနေစပြီးတော့ အကြံပေးဆရာတစ်ယောက်အဖြစ်လုပ်ပေးခဲ့ပြီး ပညာစားမချန်အကုန်ပြောပြပေးခဲ့ပါတယ် ….. ဒါပေမယ့်လည်း ရွမ်လျိုကျန်းတစ်ယောက်ဟာ အရင်ကလို ပျော့တိပျော့ဖက်ကောင်မလေးတစ်ယောက်မဟုတ်တော့ပါဘူး လုပ်ငန်းခွင်မှာရော မေတ္တာရေးမှာပါ တာဝန်ယူမှုရှိပြီး လွယ်လွယ်နဲ့ လက်မလျှော့တတ်တော့ပါဘူး…