Shanty Town FHD

Shanty Town

Crime Drama FHD 2023-01-20 8.66

ဒီ Series ကတော့ ပြည့်တန်ဆာတွေနေထိုင်တဲ့ မြို့ငယ်လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ စရိုက်မျိုးစုံနဲ့ ကြီးနိုင်ငယ်ညှင်းဝါဒကြီးစိုးပြီး လူမဆန်တဲ့ဒေသမှာ ပြည့်တန်ဆာတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ရပါတယ်။ ကိုယ်ရဲ့သဘောဆန္ဒအရ ပြည့်တန်ဆာလုပ်ချင်တဲ့သူတွေလည်းရှိပေမယ့် အကြွေးလည်းပင်းနစ်နေတဲ့အတွက်ကြောင့် ပြည့်တန်တာဘဝကို ရောက်ရှိလာတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် လွတ်လပ်မှုကိုရှာဖွေနိုင်ဖို့အတွက် ပြည့်တန်ဆာတချို့ဟာ ကြိုးစားကြပါတော့တယ်။ အဲဒီမြို့ကို စကားဆိုတဲ့ လက်နက်ကိုင်ဂိုဏ်းစတားတစ်ဦးက ကြီးစိုးပြီး လူတိုင်းက ကြောက်ရွံ့ရပါတယ်။ သူ့ဒေသမှာ ရဲတွေ အစိုးရတွေက အုပ်ချုပ်ခွင့်မရှိဘဲ သူ့တပ်ဖွဲ့တွေကပဲ လုံခြုံရေးကို စောင့်ကြပ်ရတဲ့အထိ အာဏာကြီးတဲ့ ဘဲကြီးတစ်ပွေပါ။  အဲဒီလို ကြမ်းတဲ့ ဘဲကြီးရဲ့လက်ထဲကနေ ပြည့်တန်ဆာအဖွဲ့က ကိုယ့်ဘဝကို ကိုယ်ပိုင်ဖို့အတွက် လွတ်လပ်မှုကိုရဖို့အတွက် ဘယ်လိုမျိုးကြိုးစားမလဲဆိုတာ ရိုက်ကူးထားတဲ့ Series ပဲ ဖြစ်ပါတယ်။

အပိုင်းများ

Season - 1