ဇာတ်လမ်းအကျဉ်းလေးဖက်ကိုလှည့်ရမယ်ဆိုရင်တော့… ယနေ့ခေတ်မှာ အဖြစ်များတဲ့ victim blame သဘောတရားကို အခြေခံ ရေးသားပုံဖော်ထားတဲ့ မော့ရူပိုင်သာသာရဲ့ အချိန်တိုတို ဘဝခါးခါး (ယွီရှန်းယိုယား)ပညာပေးကာလေးပေါ့… သာမန်အမျိုးသမီးတစ်ယောက်ဟာ သာမန်ဘဝလေးမှာ သာမန်အမျိုးသားတစ်ယောက်နဲ့ နှစ်ယောက်တစ်ဘဝတည်ထောင်ခဲ့တယ်…. နောက်တော့ သူတို့ နှစ်ယောက်အတူ သာမန်အိမ်ထောင်သည်ဘဝ တခြားသူတွေလိုပဲ ဘဝကို အေးအေးဆေးဆေးနေခဲ့ပေမယ့်… လောကဓံဆိုတဲ့ ဘဝဇာတ်ဆရာ ကတော့ ယဲ့စီပေ ကို ဇာတ်ညွှန်းပြောင်းကစေခဲ့ပါတယ်… ဘာဇာတ်ညွှန်းလဲဆိုရင် သာမန်မိန်းကလေးဘဝကနေ “အရက်သောက်လို့” “ဂါဝန်ဝတ်လို့” “အိမ်ထောင်သည်ဖြစ်ပြီး ပါတီတက်လို့” ဆိုတဲ့ စကားထိုးနှုက်ချက်တွေကြားခေါင်းမဖော်နိုင်တဲ့ အပြစ်ရှိ မုဒိန်းကျင့်ခံခဲ့ရသူ မိန်းကလေးဘဝဆီ ပြောင်းသွားရတာပေါ့… “မတရားခံရတာပါ” လို့ ထုတ်ပြောမယ်ကြံတိုင်း ငါ့ယောက်ျားများ အထင်သေးသွားမလား… ငါ့ကိုထားသွားမလား… ငါပြောတာ သူယုံပါ့မလား ဆိုတဲ့ မေးခွန်းတွေကြောင့်သူ့မတရားခံရတာကို ထုတ်ပြောဖို့ကြိုးစားတဲ့ စကားလုံးတွေ ပြောမထွက်ခဲ့ရဘူး… ဒါပေမယ့်လည်း ဆင်သေကို ဆိတ်သားရေနှင့်ဖုံးမရဆိုသလို တစ်နေ့မှာ သူ့ယောက်ျား သိခဲ့ရပြီး… သူတွေးထားသလိုမဟုတ်ဘဲ သူ့လက်ကိုဆွဲပြီး ရဲတိုင်ကာ ကျူးလွန်သူ အပြစ်ပေးခံရသည်အထိ အတူရင်ဆိုင်ကျော်ဖြတ်မည်ဆိုတာကြောင့်… သူတို့လင်မယားနှစ်ယောက် တရားမျှတမှုကိုရှာရင်း ကြုံတွေ့ရတဲ့ အတွေးချိုချို ဘဝခါးခါး အကြောင်းလေးကို ရိုက်ကူးပုံဖော်ထားတာမလို့ ရသစုံလင် ရုပ်သံလွင်မှ ကြည့်ချင်တယ်ဆိုသူတွေနဲ့ ဆားပုလင်းနှင်းမောင်ရဲ့ ဆွေတော်မျိုးတော် စုံထောက်မောင်မယ်တို့ အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးမလို့ အတူကြည့်ဖို့ ဖိတ်ခေါ်လ်ုက်ပါတယ်နော်…