ဇာတ်လမ်းက ပတ်ထယ်ဂျွန် ဆိုတဲ့ ရိုးရိုးအေးအေးနေတဲ့ကောင်လေးတစ်ယောက်က သူ မလုပ်တဲ့အမှုကြီးတစ်ခုနဲ့ မတရားစွပ်စွဲခံရပြီး ထောင်ကျသွားတယ်။ ထောင်ထဲရောက်မှ သူ့ဘဝကိုဖျက်ဆီးခဲ့တာတွေအားလုံးက နောက်ကွယ်က အန်ယိုဟန် ဆိုတဲ့လူတစ်ယောက်ရဲ့ ကြိုးကိုင်မှုဆိုတာကို သိလိုက်ရတယ်။ အဲဒီနောက်မှာတော့ ပတ်ထယ်ဂျွန်က သူ့ကို ဒုက္ခပေးခဲ့တဲ့ အန်ယိုဟန် နဲ့ တခြားလူတွေကို တစ်ယောက်ချင်း ဘယ်လိုပြန်ပြီး လက်စားချေသလဲဆိုတာကို စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ပြထားတဲ့ ဇာတ်လမ်းမျိုးပါပဲ။ ဒီဇာတ်ကားမှာ ဒိုကျောင်ဆူ (D.O) ကတော့ Yo-han ဆိုတဲ့ ဇာတ်ကောင်အနေနဲ့ ဗီလိန်နေရာက ပါဝင်ပြီး ဂျီချန်ဝုခ်ရဲ့ဘဝကို ဖျက်ဆီးခဲ့တဲ့သူအဖြစ် ပုံဖော်ထားပါတယ်။