Runaway FHD

Runaway

Drama Mystery FHD 2025

ဒီနေ့မှာတော့ gl series တွေထဲမှာ ထူးထူးခြားခြားအနေနဲ့ ပထမဆုံး horror genre ဖြစ်တဲ့ series တစ်ခုက ထွက်ရှိလာပါပြီ။ “အော်ဖိုတောင်မစဥ်စားနဲ့။ မင်းအသံကိုဘယ်သူမှနားမထောင်ဘူး ။ မင်းရဲ့အသွေးအသားတစ်ခုချင်းစီ နှလုံးခုန်သံတစ်ချက်ချင်းစီတိုင်းက ငါ့အပိုင်ပဲ"သေခြင်းတရားနဲ့ကြုံတွေ့ဖို ၁၆၈ နာရီသာကျန်တဲ့အချိန်မှာ၊ ဝင်းရာဝီဟာ သနားညှာတာမှုကင်းမဲ့ အငြိုးကြီးပြီး ကလဲ့စားချေချင်စိတ်ပြင်းပြနေတဲ့ သရဲတစ်ကောင်ရဲ့ခြောက်လှန့်ခြင်းကိုခံရပါတော့တယ်။ သူ့နားထဲမှာကြားနေရတဲ့ သူ့ အသက်ကိုခြိမ်းခြောက်နေတဲ့ အေးစက်လွန်းတဲ့အသံအက်အက်တစ်ခုက သူ့ကိုမျှော်လင့်ချက်ကင်းမဲ့ပြီး စိတ်ဓာတ်ကျလာစေခဲ့တယ်။ ကူကယ်ရာမဲ့ပြီး တစ်ယောက်တည်းဖြစ်နေတဲ့အချိန်မှာ အေးစက်ပြီး ဘာကိုမှစိတ်ဝင်စားမှုမရှိတဲ့အကြည့်နဲ့ဘွန်ကိုတွေ့ခဲ့တယ်။ ဘွန်က သူ့နောက်ကိုလိုက်နေတဲ့အရိပ်မည်းကြီးဆီကနေလွတ်မြောက်အောင်ကူညီပေးနိုင်မဲ့လူပဲ။ ဒါပေမဲ့ ဝင်းရဲ့တောင်းဆိုမှုက အကြင်နာတရားကင်းမဲ့စွာနဲ့ပဲအငြင်းခံလိုက်ရတယ်။အချိန်ကုန်လာတာနဲ့အမျှ သူ့ရဲ့အတိတ်ဘဝက အရိပ်မည်းနဲ့ရင်ဆိုင်ဖိုဖြစ်လာခဲ့တယ်။ သူပိုတူးဖော်လေ ကြောက်စရာကောင်းပြီး ထိတ်လန့်စရာအကြောင်းတွေက ပိုထွက်ပေါ်လာလေဖြစ်လာပြီး အခြေအနေတွေက ထိန်းချုပ်မရဘဲ မမျှော်လင့်ထားပြီး ရှောင်လွှလိုမရတဲ့ အဆုံးသတ်တစ်ခုကိုဦးတည်လာပါတယ်။အဲဒီတော့ ဝင်တစ်ယောက် သူ့ကိုခြောက်လှန့်နေတဲ့သရဲဆီကထွက်ပြေးဖိုသူမဘယ်လိုလုပ်မလဲ။ အဲဒီသရဲကရော သူ့နောက်ကိုဘာလိုလိုက်နေတာလဲ။ ဘွန်ကရော သူမကိုကူညီမှာလား ဆိုတာကို series ထဲမှာကြည့်လိုက်ကြရအောင်နော်။

အပိုင်းများ

Season 1