Strange Tales of Tang Dynasty 3 FHD

Strange Tales of Tang Dynasty 3

FHD 2025

 Main Lead တွေဖြစ်တဲ့ Yang Xu Wen, Yang Zhi Gang, Gao Si Wen, Chen Chaung, Sun Xue Ning တိုကလဲ ရှေ့စီးရီးတွေမှာ ပါပြီးသားမလို ဇာတ်လမ်းနဲ့ လုံးဝအံဝင်ခွင်ကျဖြစ်ပြီး ကြည့်ရှုသူကို ဇာတ်လမ်းထဲ နစ်မြောစေမှာပါ။ နောက်ပြီး မင်းသား‌ချော Yang Xu Wen ကလဲ Eternal Brotherhood S-2 မှာ Main Lead အဖြစ်ပါဝင်ခဲ့တာမို သူ့သရုပ်ဆောင်စွမ်းရည်ကတော့ ပြောစရာတောင်မလိုလောက်ပါဘူး။ ဇာတ်လမ်းအမျိုးအစားက နက်နဲဆန်းကြယ်တဲ့ကိစ္စတွေကို လိုက်စုံစမ်းကြမဲ့အထောက်တော်တိုအဖွဲအကြောင်းကို အခြေခံရိုက်ကူးထားလို အတော်လေးစိတ်ဝင်စားစရာကောင်းပြီး လျှိဝှက်သည်းဖိုဆန်လှပါတယ်။ဇာတ်လမ်းအညွှန်း >>>ရှန်ထျန်းခေတ် (Xiantian era) ရဲ့ဒုတိယနှစ်၊ နွေရာသီအကုန် ဆောင်းဦးကူးပြောင်းချိန်မှာ ဧကရာဇ်က ထီးနန်းမွေဆက်ခံခဲ့ပေမဲ့ မင်းသမီးကြီးရဲ့အာဏာက ပိုမိုခိုင်မာလာခဲ့ပါတယ်။ ဒီလိုနန်းရေးနန်းရာမတည်ငြိမ်မှုတွေကြောင့် ချန်အန်းရဲ့အခြေအနေကလဲ မရေမရာတွေဖြစ်လာပါတော့တယ်။ကန်ပြည်ထောင်ကနေဆက်သလိုက်တဲ့ ရွှေမက်မွန်သီးတွေကို စောင့်ကြပ်ရမဲ့တာဝန်ကြောင့် လုလင်ဖုန်းနဲ့စူးဝူမင်တိုက အထောက်တော်အဖွဲဝင်တွေဖြစ်တဲ့ ပေရှီကျွင်း၊ ဆရာဖေ၊ ယင်းထောင်၊ ရွှယ်ဟွမ်တိုနဲ့အတူ ချန်အန်းကိုပြန်ကြဖို အမိန့်လက်ခံရရှိခဲ့ကြပါတယ်။သာယာဝပြောလှတဲ့ချန်အန်းမြိုကို ရောက်ရှိပြီးချိန်မှာတော့ လုလင်ဖုန်းက တရားစီရင်ရေးဆိုင်ရာဒုတိယအမတ်အဖြစ် ရာထူးပြန်လည် ရရှိခဲ့သလို စူးဝူမင်ကလဲ အသက်မွေးဝမ်းကျောင်းအတွက် စူးရှန်စားတော်ဆက်ကို ဖွင့်လှစ်ခဲ့ပါတယ်။သူတိုနှစ်ဦးက ဧကရာဇ်နဲ့မင်းသမီးကြီးတိုရဲ့ အာဏာလွန်ဆွဲမှုကိုရှောင်ရှားရင်း သာမန်အရပ်သားတိုရဲ့ဘဝတွေကို ပိုမိုကျယ်ပြန့်စွာသိရှိနိုင်ဖိုရည်ရွယ်ပြီး လုလင်ဖုန်းက စူးဝူမင်ကို သူ့လျှိဝှက်အထောက်တော်အဖြစ် ငှားရမ်းကာ ချန်အန်းမြိုမှာရှိတဲ့လျှိဝှက်နက်နဲမှုခင်းအမျိုးမျိုးကို စုံစမ်းထောက်လှမ်းစေခဲ့ပါတော့တယ်အာဏာရဲ့အားပြိုင်မှုကြားမှာ အထောက်တော်တိုအဖွဲက ဘယ်လိုမျိုးနက်နဲမှုတွေကို တွေ့ရှိသွားမလဲအာဏာကို ဧကရာဇ်က ရသွားမလား၊ မင်းသမီးကြီးကပဲ ဆက်လက်ချုပ်ကိုင်သွားမှာလား?ချန်အန်းကရော လူတွေထင်နေကြသလို အမှန်တကယ်သာယာဝပြောငြိမ်းချမ်းနေရဲ့လား??? ဒီလိုသိုလောသိုလော့ plot twist တွေနဲ့ ကြည့်သူရဲ့စိတ်ကိုဆွဲဆောင်ခြောက်ခြားစေမှာမို ဒီစီးရီးကိုမှမကြည့်ရင် ဘယ်ဟာကိုသွားကြည့်ကြမလဲ ပရိတ်သတ်တိုရေ...။