အားလုံးစောင့်မျှော်နေကြတဲ့ နန်းတွင်းကားအသစ်စက်စက်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်က Bossam: Steal The Fate ပါ။ Bossam ဆိုတာက ဂျိုဆွန်းခေတ်မှာ ပြန်လည်ထိမ်းမြားတဲ့ဖြစ်စဉ်ကို ခေါ်ဆိုပါတယ်။ ဂျိုဆွန်းခေတ်မှာ မုဆိုးမတွေဟာ ပြန်လည်လက်ထပ်ခွင့်မရှိပါဘူး။ လူပျို သိုမဟုတ် မုဆိုးဖိုတစ်ယောက်က ပြန်ပေးဆွဲခိုးယူမှ လက်ထပ်ခွင့်ရပါတယ်။ အဲ့ဒီဖြစ်စဉ်ကို Bossam လိုခေါ်တာပါ။ တချို ပြန်ပေးဆွဲမှုတွေက ကြိုတင်စီစဉ်ထားပြီး တချိုကတော့ အလိုမပါပဲ ပြန်ပေးဆွဲခံရတာတွေလည်း ရှိပါတယ်။ Ba-Woo (Jung Il-Woo) ဟာ လောင်းကစားလုပ်၊ သေရည်သောက် ပျော်ပါးမူးယစ်နေတတ်တဲ့ လူပေါ်ကြော့ကာရိုက်တာပါ။ ငွေရဖို Bossam ပြုလုပ်တဲ့ အဖွဲမှာလေ့ကျင့်နေတဲ့သူပေါ့။ ငယ်ရွယ်စဉ်တုန်းက လျှိဝှက်ကြံစည်မှုတစ်ခုမှာ ပါတယ်ဆိုပြီး စွပ်စွဲခံရလို ဇစ်မြစ်မြှုပ်ပြီး နေနေသူပါ။ ဒီလိုနဲ့သူဟာ မင်းသမီး Soo-Kyung (Kwon Yuri) ကိုမှားယွင်းပြီး ပြန်ပေးဆွဲမိပါတော့တယ်။ မင်းသမီး Soo-Kyung ဟာ ဘုရင် Gwanghae ရဲ့သမီးဖြစ်ပြီး Ba-Woo ရဲ့ ရန်သူတော် Lee Yi-Cheom ရဲ့ချွေးမပါ။ နိုင်ငံရေးလှည့်ကွက်တွေကြား ချစ်ရသူရဲ့ အစ်ကိုဖြစ်သူကို လက်ထပ်ခဲ့ရပေမဲ့ မင်္ဂလာဦးညမှာပဲ ခင်ပွန်းသည်သေဆုံးပြီး မုဆိုးမဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ မှားယွင်းပြန်ပေးဆွဲခံရရာမှာ Ba-Woo ရဲ့တွေ့ဆုံရပါတော့တယ်။ ကိုရီးယား Saeguk တွေရဲ့ ထုံးစံအတိုင်းပဲ နိုင်ငံရေးမှာ လွမ်းဆွေးဖွယ် အချစ်ဇာတ်လမ်းက ပါးပါးလေးပါဦးမှာပါ။ ဂျိုဆွန်းခေတ်ဖိနှပ်ခံ အမျိုးသမီးတွေနဲ့ အောက်ခြေလူတန်းစားတွေရဲ့ ဘဝကို မီးမောင်းထိုးပြထားပါတယ်။ MBN ရဲ့ Special Drama ဖြစ်လို ဇာတ်အိမ်ခိုင်မှာလည်း အသေအချာပါပဲ။