ဇာတ်လမ်းအကျဉ်း......မုဝမ်ချင်း (Zhang Jing Yi )ဟာ သူမအမေရဲ့သေဆုံးမှု၊သူမမိဘတွေကွဲကွာသွားရတဲ့အကြောင်းရင်းနဲ့ သူမရဲ့မွေးချင်းတွေသေဆုံးမှုအကြောင်းကို စုံစမ်းဖို နိုင်ငံရပ်ခြားကနေ တရုတ်ပြည်ကိုပြန်လာခဲ့ပါတယ်အဲဒီအချိန် ရှန့်ဟိုင်းစစ်တပ်အတွင်းမှာ အာဏာသိမ်းမှုဖြစ်ပြီး အာဏာသိမ်းမှုမအောင်မြင်တဲ့အတွက် ထန်ရွှမ်းလင် (Chen Xing Xu )ဟာ ဗိုလ်မှူးကြီးအသစ်အဖြစ်ရာထူးတိုးခံလိုက်ရပါတယ်။လုပ်ပိုင်ခွင့်အာဏာမြင့်လာတာနဲ့အမျှ ရေခဲလွှာပေါ်လမ်းလျှောက်ရသလို အန္တရာယ်များလှတဲ့ရာထူးဆိုတာသိတဲ့ထန်ရွှမ်းလင်ဟာ အရာရာကိုသတိကြီးကြီးထားပြီးလုပ်ကိုင်တတ်တဲ့သူတစ်ယောက်ပါရွှကွမ်းယောင် (Lin Yan Jun )ကတော့ ယွဲချန်ဗိုလ်မှူးကြီးရဲ့သားတစ်ယောက်ဖြစ်တဲ့အပြင် သူရဲ့စိတ်နေသဘောထားကြောင့် လူအများရဲ့အထင်ကြီးလေးစားခြင်းကိုလည်းခံရတဲ့သူပါ။ သူ့ဖခင်ဟာနိုင်ငံရေးလောကထဲက ဩဇာရှိသူဖြစ်ပေမယ့် သူကတော့ နိုင်ငံရေးနယ်ပယ်ထဲက အာဏာလုပွဲတွေကိုမနှစ်သက်ပါဘူး။မုဝမ်ချင်း (Zhang Jing Yi )ဟာ တရုတ်ပြည်ပြန်ရောက်တဲ့အခါ မုမိသားစုထဲမှာ သူမရဲ့နေရာအခြေခိုင်ဖို အာဏာနောက်ခံကောင်းတဲ့ ရွှကွမ်းယောင် (Lin Yan Jun )ကို တမင်ချဉ်းကပ်ပြီး ကျောထောက်နောက်ခံရအောင်ကြိုးစားပါတော့တယ်……..ထန်ရွှမ်းလင် (Chen Xing Xu )ကလည်း မုမိသားစုရဲ့အတိတ်ကဖြစ်ရပ်ဟောင်းကို မုဝမ်ချင်း (Zhang Jing Yi)နဲ့အတူစုံစမ်းဖိုဖြစ်လာပြီး ရွှကွမ်းယောင် (Lin Yan Jun )နဲ့ပါ သိကျွမ်းလာခဲ့ပါတယ်….ဒီလိုအသိုင်းအဝိုင်း ရည်ရွယ်ချက်နဲ့ ခံယူချက်ချင်းမတူတဲ့လူသုံးယောက်ဟာ ကံကြမ္မာအလှည့်အပြောင်းကြောင့်မိတ်ဆွေတွေဖြစ်လာတဲ့အခါ……..မုမိသားစုရဲ့ဖြစ်ရပ်ကို အတူစုံစမ်းရင်း သပွတ်အူလိုရှုပ်ထွေးပွေလီလှတဲ့နိုင်ငံရေးလောကထဲက ရက်စက်မှုတွေကိုသိလာရပါတော့တယ်….. သေခြင်း ရှင်ခြင်းတွေကို အတူရုန်းကန်ကျော်ဖြတ်ကြပြီး စက်ဆုပ်ဖွယ်အာဏာလုမှုတွေကြောင့်မတည်မငြိမ်ဖြစ်နေတဲ့တိုင်းပြည်ကို ကာကွယ်ဖို သူတိုဘယ်လိုကြိုးစားကြမှာလဲ……ဒီလိုအရှုပ်အထွေးမုန်တိုင်းကြားမှာ သူတိုသုံးယောက်ရဲ့အချစ်လေပြေတွေက ဘယ်လိုဘယ်ပုံပေါက်ဖွားလာမှာလဲဆိုတာကို Fall in Love (မုန်တိုင်းကြားကအချစ်လေပြေ) ဆိုတဲ့ဇာတ်လမ်းတွဲမှာစောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်အဓိကဇာတ်ဆောင်တွေအနေနဲ့ထန်ရွှမ်းလင်အဖြစ်……. Chen Xing Xuမုဝမ်ချင်အဖြစ်...........Zhang Jing Yi ရွှကွမ်းယောင်အဖြစ်....... အခုလက်ရှိ Soul ကတင်ဆက်နေတဲ့ Crush (လေလှိင်းကြားကချစ်သံစဉ်)ဇာတ်လမ်းတွဲက မင်းသား Lin Yan Junတိုက ပါဝင်သရုပ်ဆောင်ထားပါတယ်…..Supporting role တွေအနေနဲ့ အမိုက်စားချောချောလှလှမင်းသား မင်းသမီးတွေနဲ့အားဖြည့်ထားတာမို အဆင်ငမ်းရင်း လောင်ရမယ့် Fall in Love (မုန်တိုင်းကြားကအချစ်လေပြေ) ဒရာမာလေးဟာဆိုရင်ဖြင့် လက်မလွှတ်သင့်တဲ့ဒရာလေးဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်