Oh Soo-Jae (Seo Hyun-Jin) ဟာ တောင်ကိုရီးယားရဲ့အကောင်းဆုံး ဥပဒေရုံးဖြစ်တဲ့ TK ဥပဒေရုံးရဲ့အသက်အငယ်ဆုံးနဲ့ အထက်မြက်ဆုံးရှေ့နေတစ်ဦးပါ။ Soo-Jae ဟာ အမှုတိုင်းကို နိုင်လိုစိတ်ပြင်းထန်ပြီး သူ့ရဲ့ကိုယ်ပိုင်စည်းမျဥ်းတွေနဲ့ နေတတ်သူပါ။ ဘဝမှာ အောင်မြင်မှုနောက်ကိုပဲလိုက်ဖို ကြိုးစားနေခဲ့ရမှ မထင်မှတ်ထားတဲ့အမှုတစ်ခုမှာ ပါဝင်ပတ်သက်မိပြီး ဥပဒေကျောင်းတစ်ခုမှာ အချိန်ပိုင်းပါမောက္ခအဖြစ် လုပ်ကိုင်ဖို ပြောင်းရွေ့ပေးခြင်းခံခဲ့ရပါတယ်။ အဆိုပါကျောင်းမှာ Oh Soo-Jae ဟာ Gong Chan (Hwang In-Yeop) နဲ့ တွေ့ဆုံခဲ့ပါတယ်။ Gong Chan ကတော့ နာကျင်စရာ၊ ရင်နင့်စရာအတိတ်တွေရှိခဲ့ပေမယ့် အရင်လိုပဲ နွေးထွေးတဲ့စိတ်ထားကို ပိုင်ဆိုင်ထားဆဲလူငယ်လေးပါ။ ဒီလူငယ်လေးဟာ အချိန်ပိုင်းပါမောက္ခကိုမှ ချစ်မြတ်နိုးမိပြီး ချစ်ရသူအတွက် ဘာမဆိုလုပ်ပေးနိုင်တဲ့လူငယ်လေးလည်း ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့နာကျင်စရာအတိတ်က ဘာများဖြစ်နေမလဲ။ ချစ်ရသူကိုရော ကာကွယ်နိုင်မှာလား။ Choi Tae-Kook (Heo Jun-Ho) ကတော့ TK ဥပဒေရုံးရဲ့ ဥက္ကဋ္ဌဖြစ်ပြီး တရားမျှတမှု၊ ကိုယ်ကျင့်တရားဆိုတာတွေကို ဂရုမစိုက်ဘဲ သူ့အလိုလောဘကိုသာ ကြည့်တတ်တဲ့သူပါ။