Live up to Your Youth FHD

Live up to Your Youth

Drama FHD 2026

ဒီတစ်ခါတော့ ကြည့်နေကျ Life Drama မျိုးထက် Musical Life Drama ပုံစံကို ဇာတ်အိမ်တည်ထားပြီး ၁၉၉၀ ပြည့်နှစ်ကို နောက်ခံအဖြစ်ရိုက်ကူးထားတဲ့စီးရီးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးမှာ The First Frost ရဲ့ MC ဖြစ်တဲ့ Zhang Ruo Nan နဲ့အတူ Bai Yu၊ Jelly Lin၊ Wang Yang Lin တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ ဘဝရဲ့အနိမ့်အမြင့်တွေကြား ချစ်ပျားရည်ချိုစိမ့်စိမ့်လေးတစ်ခွက် သောက်ရမဲ့ဇာတ်လမ်းလေးမို့ ပရိသတ်တို့ အကြိုက်တွေ့မှာ အသေချာပါပဲ! ဇာတ်လမ်းအညွှန်း >>> ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပေကျင်းမှာရှိတဲ့ သေးငယ်တဲ့ တည်းခိုခန်းလေးတစ်ခုဟာ အနုပညာနဲ့ရည်မှန်းချက်တွေကို လိုက်လံရှာဖွေနေကြတဲ့လူငယ်တစ်စုရဲ့အိမ်ဂေဟာ ဖြစ်လာခဲ့ပါတယ်။ ဇာတ်ညွှန်းရေးဆရာ ရွှီရှန့်လီဟာ လောကအလယ်မှာ နာမည်တစ်လုံးရဖို့ ရုန်းကန်နေရသလို ကျွမ်းကျွမ်းကလဲ ပိုမိုကြီးကျယ်တဲ့စင်မြင့်ထက်ကိုတက်လှမ်းနိုင်ဖို့ မျှော်လင့်ချက်နဲ့ စီးပွားရေးပွဲတွေမှာ ဖျော်ဖြေသီဆိုရင်း အခွင့်အရေးကို စောင့်စားနေသူပါ။ ရှန်ရန်ရန်ကတော့ သရုပ်ဆောင်ခွင့်ရရှိဖို့ မရေရာလှတဲ့အခြေအနေတွေကြားမှာ ဖြတ်သန်းနေရပါတယ်။ Saxophone ပညာရှင် ထောင်လျန်လျန်ကတော့ လူကူးတံတားတွေအောက်မှာ တီးခတ်ဖျော်ဖြေရင်း ဘဝကိုရှာဖွေနေပြီး ကောကျန့်ပေါင်ကတော့ မိသားစုကိုထောက်ပံ့နိုင်ဖို့ အပိုအလုပ်‌တွေကိုကျပန်းလုပ်ကိုင်ရင်း နောက်ခံ Extra အဖြစ် အနုပညာလောကထဲ ခြေစုံပစ်ဝင်ထားသူပါ။ ထူးခြားဆန်းသစ်လှတဲ့အ‌တွေးအမြင်သမား ပန်းချီဆရာချောင်ယဲ့ကမူ သူ့အနုပညာပန်းချီကို တစ်စုံတစ်ယောက် နားလည်ပေးနိုင်မဲ့နေရောက်လာဖို့ မျှော်လင့်တောင့်တနေသူပါ။ ငြင်းပယ်ခံရမှု၊ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ခဏတာအောင်မြင်မှုတွေကြားမှာ လူငယ်လေး ၆ ယောက်ဟာ အသက်ရှင်ရပ်တည်ရေးအတွက် ခါးသီးလှတဲ့လက်တွေ့ဘဝတွေကို ရင်ဆိုင်ခဲ့ရပေမဲ့ အနုပညာစိတ်ဓာတ်ကတော့ လုံးဝပျောက်မသွားခဲ့ကြပါဘူး။ ဒါပေမဲ့ အချိန်ကာလတစ်ခုကို ကူးပြောင်းလာချိန်မှာ‌တော့ အချို့က ဆက်လက်ကြိုးစားကြပြီး အချို့ကမူ လက်လွှတ်လိုက်ကြပါတော့တယ်။ အခြေအနေတွေဟာ ထင်ထားသလိုဖြစ်မလာကြပေမဲ့ သူတို့အားလုံးကတော့ ပြောင်းလဲလာတဲ့ ခေတ်ကာလတစ်ခုမှာ သမိုင်းခြေရာကိုယ်စီကို ချန်ရစ်ထားနိုင်ခဲ့တာတော့ အမှန်ပါပဲ။ ဒီစီးရီးက လူငယ်တွေရဲ့အားမာန်၊ ခေတ်ရဲ့ရိုက်ခတ်မှုတွေကြား တောက်ပနေတဲ့မီးခဲအသွင်ပျိုမြစ်မှုတို့ကြောင့် စိတ်နှလုံးအိမ် တသိမ့်သိမ့်တုန်စေမဲ့ဇာတ်လမ်းမို့ ပြိတ်သတ်တို့စိတ်ထဲ တသသစွဲကျန်နေမှာ ကျိန်းသေပါပဲနော်!