First Love FHD

First Love

Drama Comedy FHD 2022

ချင်းယောက်ဆေးပညာတက္ကသိုလ် ဆေးကုသမှုဆိုင်ရာဌာနမှ ဒုတိယနှစ်ကျောင်းသူ""လူဝမ်ဝမ်""ဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုကြောင့် စာမေးပွဲဖြေတိုင်းရလဒ်မကောင်းတဲ့အတွက် ဆေးတက္ကသိုလ်နဲ့သဟဇာတမဖြစ်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ အကြာကြီးချစ်လာရတဲ့ တစ်ဖက်သတ်အချစ်ကလည်း အဆင်မပြေတဲ့အတွက် စိတ်ညစ်ညစ်နဲ့အရက်သောက်ရင်း တစ်ကျောင်းတည်းစီနီယာဖြစ်သူ ဉာဏ်ကြီးရှင်""ရန်ချူး""ကိုပိုးပန်းမယ်လို့ လေလုံးထွားရာကနေ သူတို့နှစ်ဦးရဲ့ကောလာဟလတွေ ပျံ့နှံ့လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ ကောလာဟလတွေကိုဖြေရှင်းဖို့ နှစ်ဦးသား ကောလာဟလဖယ်ရှားရေးသဘောတူညီချက်ကို ချုပ်ဆိုရာကနေ သူတို့ရဲ့အချစ်ခရီးလမ်းလေးဟာလည်း စတင်ခဲ့ပါတယ်.... အလွဲလေးတွေနဲ့စတင်ခဲ့တဲ့ သူတို့နှစ်ဦးသားရဲ့အချစ်ခရီးလမ်းက ဘယ်လိုများရှေ့ဆက်သွားမလဲ? အချစ်ရဲ့စွမ်းပကားကြောင့် အချင်းချင်းကြားဘယ်လိုပြောင်းလဲမှုတွေရှိလာမလဲဆိုတာကို SoulKingdom မှာ စီးမျောလိုက်ပါကြည့်ရှုလိုက်ကြပါစို့နော်