Yong Dong Jin ဟာ နိုင်ငံသားတိုင်မဖြစ်မနေထမ်းဆောင်ရတဲ့ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နေရသူတစ်ဦးဖြစ်ပြီးတော့ ခွေးထိန်းတစ်ယောက်လည်းဖြစ်ပါတယ်။ Yong Dong Jin စစ်မှုထမ်းတာဝန်ပြီးဆုံးဖို့ ၁ လပဲလိုတော့တဲ့အချိန်မှာတော့ အထူး တပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ တောင်မြောက်နှစ်နိုင်ငံအကြားက စစ်မဲ့ဇုန်(DMZ) မစ်ရှင်ဆောင်ရွက်ဖို့အတွက် တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ Son Ye Rim ကတော့ ဇီဝသုတေသနကျွမ်းကျင်သူတစ်ဦးဖြစ်ပြီးတော့ ဗိုလ်ကြီးတာဝန်ကိုထမ်းဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ သူမကိုလည်း DMZ ကိုစေလွှတ်တာဝန်ပေးခံလိုက်ရတဲ့အခါ DMZ မှာ ထူးဆန်းတဲ့လူသတ်မှုတွေ၊ ပျောက်ဆုံးမှုတွေဖြစ်ပေါ်နေတဲ့အတွက်ကြောင့် သဲလွန်စ ရှာဖွေကြရင်းက တရားခံဟာ လူမဟုတ်ကြောင်းသိလိုက်ရတဲ့အခါ… ဘာတွေဆက်ဖြစ်ကြလဲ ဘယ်လိုတွေကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာ ဆက်လက် ရှုစားပေးကြပါနော်