The First Responders FHD

The First Responders

Drama FHD 2022

ဒီဇာတ်ကားကတော့ ရဲတပ်ဖွဲဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဆေးအဖွဲ့တွေရဲ့သွက်လက်တက်ကြွပြီး တာဝန်ကျေပွန်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို ပုံဖော်ထားတဲ့အပြင် ကြုံတွေရတတ်တဲ့စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းတစ်ကောင်းတစ်ပုဒ်လို့ပြောရရင် မမှားပါဘူးနော်။ "The First Responders"ဇာတ်ကားကို Cast အလန်းစားတွေဖြစ်တဲ့ ဝါရင့်မင်းသားကြီး Kim Rae Won ပါဝင်ထားပြီး Son Ho Jun, Gong Seung Yeon တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Kim Rae Won ကဘာကိုဂရုမစိုက်တတ်တဲ့ခေါင်းမာတဲ့သူတစ်ယောက်၊ အရည်အချင်းပြည့်ဝပြီတော့ အနိုင်မခံအရှုံးမပေးတတ်တဲ့ရဲအရာရှိ Jin Ho Gae အဖြစ် သရုပ်ဆောင်ထားပါသည်။ Son Ho Jun ကတော့ အေးစက်စက်နိုင်ပေမယ့် နစ်နာသူတွေအပေါ်အပြည့်အဝဂရုစိုက်ပေးတတ်တဲ့ ရဲရင့်တဲ့ မီးသတ်သမား Bong Do Jin အဖြစ်သရုပ်ဆောင်ထားပါတယ်။ Gong Seung Yeon က ကြင်နာတတ်ပြီး တာဝန်ကျေပွန်တဲ့ ဆေးကယ်ဆယ်ရေးမလေး Song Seol အဖြစ် သရုပ်ဆောင်ထားတယ်