Her Willing Subject FHD

Her Willing Subject

Drama FHD 2026

အချစ်နဲ့အမုန်းကြားမှာ ဘယ်သူက အနိုင်ရမလဲ…တစ်ချိန်က တစ်ယောက်ရဲ့အသက်ဟာ တစ်ယောက်အတွက် အရေးပါခဲ့ကြပေမဲ့ သစ္စာဖောက်မှုတွေနဲ့ နားလည်မှုလွဲမှားခြင်းတွေကြောင့် ရန်သူတွေဖြစ်သွားခဲ့ကြရင်ရော… နောက်တစ်ကြိမ် ပြန်လည်အသက်ရှင်ခွင့်ရတဲ့အခါ သူတို့ရဲ့ကံကြမ္မာက ဘယ်လိုပြောင်းလဲသွားမလဲဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ အရင်ဘဝကတည်းက အသက်တစ်ချောင်းတည်းလို ဆက်နွယ်နေခဲ့ကြတဲ့ ရင်ခွင်ပိုက်မင်းသား လုချင်ချန်းနဲ့ မိဖုရားခေါင် ရှန်ရှူးယင်တို့ရဲ့ ဇာတ်လမ်းကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတာပဲဖြစ်ပါတယ်အရင်ဘဝတုန်းက လုချင်ချန်းနဲ့ ရှန်ရှူးယင်တို့ဟာ ယင်းယန်ကူလို့ခေါ်တဲ့ အဆိပ်ပိုးတစ်မျိုးကြောင့် အသက်ရှင်ခြင်း သေဆုံးခြင်းတွေကို အတူတကွ မျှဝေနေရသူတွေ ဖြစ်ခဲ့ကြပါတယ်…ဒါပေမဲ့ လူယုတ်မာတွေရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ နားလည်မှုလွဲမှားခြင်းတွေကြောင့် နောက်ဆုံးမှာတော့ နှစ်ယောက်စလုံး ကြေကွဲဖွယ်အဆုံးသတ်ကို ရောက်ရှိခဲ့ကြရပါတယ်သို့ပေမဲ့ ကံကြမ္မာက သူတို့နှစ်ယောက်ကို နောက်တစ်ကြိမ် ပြန်လည်အသက်ရှင်ခွင့်ပေးခဲ့ပြီး ဒီတစ်ခါမှာတော့ ရန်သူလည်းဖြစ်၊ ဇနီးမောင်နှံလည်းဖြစ်နေတဲ့ ဆက်ဆံရေးတစ်ခုနဲ့ ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်…အရင်ဘဝက အဖြစ်အပျက်တွေကို သင်ခန်းစာယူထားတဲ့ ရှန်ရှူးယင်ဟာ ဒီတစ်ကြိမ်မှာတော့ အချစ်ကို မယုံကြည်တော့ဘဲ အာဏာကိုသာ ယုံကြည်ကြောင်း ကြွေးကြော်ထားသူတစ်ယောက်ပါ…ဒါကြောင့် သူမရဲ့ရည်မှန်းချက်က အချစ်ရေးထက် အာဏာကို ရယူပိုင်ဆိုင်ဖို့ ဖြစ်လာခဲ့ပါတယ်တစ်ဖက်မှာလည်း လုချင်ချန်းနဲ့ ရှန်ရှူးယင်တို့ကြားက အားပြိုင်မှုတွေ အာဏာရယူဖို့ ကြိုးပမ်းမှုတွေနဲ့ မဖြေရှင်းနိုင်သေးတဲ့ အတိတ်က သံယောဇဉ်တွေဟာ ဇာတ်လမ်းကို ပိုမိုရင်ခုန်စရာကောင်းလာစေပါတယ်… အထူးသဖြင့် နှစ်ယောက်စလုံးက ကိုယ့်ရည်မှန်းချက်နဲ့ ကိုယ့်အကျိုးစီးပွားကို ဦးစားပေးကြတဲ့ ဇာတ်ကောင်တွေဖြစ်တာကြောင့် ဘယ်သူက ဘယ်သူ့ကို အနိုင်ယူသွားမလဲဆိုတာ.. ’အဓိကပါဝင်သရုပ်ဆောင်ထားသူတွေကတော့Zhao Yiqin က ရင်ခွင်ပိုက်မင်းသားလုချင်ချန်း အဖြစ်နဲ့Fang Jin က မိဖုရားခေါင် ရှန်ရှူးယင်အဖြစ် ပါဝင်ထားကြပါတယ်…အာဏာပြိုင်ဆိုင်မှုနဲ့ အချစ်ဇာတ်လမ်း Short Drama ဖြစ်ပြီး အချစ်ကြောင့် အရာရာကို စွန့်လွှတ်ခဲ့ကြသူနှစ်ယောက်က နောက်တစ်ဘဝမှာ အာဏာအတွက် အားပြိုင်ကြတဲ့အခါ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာမလဲ…အတိတ်က သံယောဇဉ်တွေကို အပြီးတိုင်ဖြတ်တောက်နိုင်ကြမလားဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုခံစားကြည့်လိုက်ကြရအောင်နော်