The Substitute FHD

The Substitute

Crime Mystery Drama FHD 2026-11-23

ယခုတစ်ခေါက်မှာတော့ ကျောင်းတွင်းနိုင်ငံရေးနဲ့ လူတန်းစားကွာဟမှုတွေကြားက သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် မှုခင်းသည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲအသစ်လေး The Substitute နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ မင်းသား Bae Hyun Sung, မင်းသား Cha Kang Yoon, မင်းသား Park Yoon Ho, မင်းသား Um Ji won, မင်းသား Park Hyuk Kwon တို့နဲ့အတူ တခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း နာမည်ကြီး ပုဂ္ဂလိဂကျောင်းတစ်ခုရဲ့ ကျောင်းသားဖြစ်သူ နမ်ဂျယ်ယော့ (Bae Hyun Sung) ဟာ ရုပ်လည်းချော ချမ်းလည်းသာ စာလည်းတော်လို့ လူတိုင်းအားကျရတဲ့ စံပြကျောင်းသားတစ်ယောက်ဖြစ်ပေမဲ့ ဖခင်ဖြစ်သူ ခရိုင်မြို့တော်ဝန်လောင်းရဲ့ တင်းကြပ်လွန်းတဲ့ ဖိအားတွေအောက်မှာ လမ်းချော်နေခဲ့သူတစ်ဦးပါ။ ဂန်ဂွန်းထယ် (Cha Kang Yeon) ကတော့ ဆင်းရဲတဲ့ မိသားစုကဆိုပေမဲ့လည်း အမြဲတမ်း အဆင့် ၁ ရကာ ပညာသင်ဆု ရထားတဲ့ ကျောင်းသားတစ်ယောက်ပါ။ ဂွန်းထယ်တစ်ယောက် သူ့တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်တဲ့ နာမည်ကြီး တက္ကသိုလ်ကို ဝင်ခွင့်ရပြီး သာမန်အလုပ်ကောင်းကောင်းတစ်ခု ရဖို့အတွက် ရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်က သူ့အားနည်းချက်ဖြစ်သွားခဲ့ကာ သူဌေးသား နမ်ဂျယ်ယော့ရဲ့ ကြိုးကိုင်ခြယ်လှယ်မှုကို ခံရတဲ့အခါမှာတော့ အပေးအယူတစ်ခုကနေ စတင်လိုက်တဲ့ ကိစ္စဟာ နောက်ပိုင်းမှာ သစ္စာဖောက်မှုတွေ ကြိုးကိုင်ခြယ်လှယ်မှုတွေနဲ့ ကြီးမားတဲ့ ရာဇဝတ်မှုတွေအထိ ဘယ်လိုတွေ ကြီးထွားလာမလဲ။ ဂွန်းထယ်ရဲ့ သူငယ်ချင်းဖြစ်သူ ဟီဒုံ (Park Yoon Ho) ကရော ဒီလျှို့ဝှက်ချက်ကို သိသွားတဲ့အခါ သူတို့ကြားက သံယောဇဉ် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာမို့လို့ The Substitute ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်လေးကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။

အပိုင်းများ

Season 1