ဟန်ဂျီဟော့ ဆိုတာ NIS ရဲ့ ထိတ်တန်းလျှို့ဝှက်စုံထောက် တစ်ယောက်…. သူဟာ တာဝန်တစ်ခုထမ်းဆောင်နေတုန်းမှာ လုပ်ဖော်ကိုင်ဘက်တွေ မရှုတ်မလှ အသတ်ခံလိုက်ရသလို ကိုယ်တိုင်လည်း အသက်ဘေးကလွတ်အောင် မနည်းပြေးလိုက်ရပုံပေါ်တယ်…. အဲ့ဒီနောက်သူဟာ တရားမဝင် လူမှောင်ခိုအဖွဲ့ရဲ့ဖမ်းဆီးမှုကိုခံလိုက်ရတယ်… NIS ဟာ အေးဂျင့်အဖမ်းခံရတာကို သတင်းရတာနဲ့ ချက်ချင်းဝင်ရောက်ကယ်တင်ခဲ့တယ်… တကယ်အရေးကြီးအဖွဲ့အစည်းတွေရဲ့ထုံးစံအတိုင်း ပြန်လည်ကယ်ဆယ်ခံရပေမဲ့ ကာကွယ်ရေးစီမံချက်ထုံးစံအတိုင်း ကယ်ဆယ်ခဲ့တဲ့ အေးဂျင့်ကို နည်းအမျိုးမျိုးနဲ့စစ်ဆေးပါတယ်… အဲ့ဒီမှာထူးဆန်းစွာပဲ Mission ထမ်းဆောင်ခဲ့တဲ့ အချိန်ကစလို့ ထွက်ပြေးတဲ့အချို့အချိန်ကာလအထိ မှတ်ချက်တွေဖျက်ဆီးခံထားရတယ်… သူဟာ အတိတ်မေ့နေတာမျိုးမဟုတ်ဘဲ သီးခြား မှတ်ဉာဏ်ကို ဖျက်ဆီးခံထားရတာပါ….