ACP ဗစ်ကရမ်က ရဲဆိုလည်းဟုတ်သလို တစ်ဖက်မှာလည်းပိုက်ဆံယူပြီးလူပျောက်ရှာတယ်ပေါ့ဘယ်လောက်တော်လဲဆိုရင် နှစ်နဲ့ချီပျောက်နေတဲ့လူကိုတောင်၂၄နာရီအတွင်းတွေ့အောင်ရှာနိုင်ပါတယ် သူ့ကိုအလုပ်လာအပ်တဲ့လူလည်းများသလိုကြေးကလည်းတော်ရုံလူကပ်မရဘူးပေါ့ ဒီလိုနဲ့ပျောက်ဆုံးမှုတွေလိုက်ရင်းတစ်ရက်မှာလီနာသောမတ်စ်ဆိုသူကိုရှာဖို့အကြောင်းဖန်လာပါတယ်ဒီနာမည်နဲ့လည်းမိဘမဲ့ဂေဟာတစ်ခုရှိတော့ သူလိုက်စုံစမ်းရင်းဒီဂေဟာနောက်ကွယ်မှာထင်မှတ်မထားတဲ့ကိစ္စကြီးပေါ်လာပါတော့တယ်ဒါ့အပြင်ကို သူစစုံစမ်းကာမှ ဂေဟာကလူတချို့အသတ်ခံရပြီးလက်နက်မှာလည်းသူ့လက်ဗွေထွက်လာတဲ့အခါမှာတော့…ဒီကိစ္စ တွေကဘာများဖြစ်မလဲ…ပိုက်ဆံကြောင့်ဝင်စွက်ဖက်မိရာက ဗစ်ကရမ်တစ်ယောက်အသက်အန္တရာယ်ထိရင်ဆိုင်လာရတဲ့အခါမှာ ဘယ်လိုရုန်းကန်ဖြေရှင်းမလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်