SKUNK ဆိုတာကတော့ ယဉ်ကျေးမှုအမွေအနှစ်တွေကိုသီးသန့် ခိုးယူတဲ့ သူခိုးတစ်ယောက်ပါ.. သူဟာနေ့ဘက်ဆိုရင် သာမာန်အလုပ်သမားတစ်ယောက်လိုနေထိုင်ပြီး ညဘက်ဆိုရင် တန်ဘိုးကြီး ယဉ်ကျေးမှုအမွေအနှစ်တွေကို လိုက်လံခိုးယူပါတယ်.. ဒီအတွက် သူဟာ အချိန်ကြာမြင့်စွာလေ့ကျင့်ထားပြီး သူ့ရဲ့ထက်မြက်တဲ့ဉာဏ်ရည်နဲ့ပေါင်းစပ်လိုက်တဲ့အခါမှာ ခိုးယူမှုတိုင်းဟာ သဲလွန်စ မကျန်ဘဲ ပြီးမြောက်သွားလေ့ရှိတယ်… ဒီလိုဖြစ်စဉ်မျိုးခဏ ခဏဖြစ်လာတဲ့အခါမှာ ကိုးရီးယားက ရဲတွေ အတော်ခေါင်းခြောက်ရပါတယ်… နောက်ဆုံးသီးခြား Team ကြီးတစ်ခုဖွဲ့ပြီး ဒီသူခိုးကိုဖမ်းဖို့ကြိုးစားလာကြတဲ့အခါမှာတော့.. သူက ဘာလို့ ဒီလိုမျိုးခိုးယူနေတာလဲ….ဘာကြောင့်လဲ အပိုင်း ၁၂ ပိုင်းပါဝင်မှာဖြစ်ပြီး ရိုက်ချက်ကောင်းကောင်းတွေမို့ ခံစားကြည့်ကြပါဦး…