FHD
Demon Slayer: Kimetsu no Yaiba 鬼滅の刃
Kimetsu No Yaiba(Demon Slayer) ဆိုတဲ့ နာမည်ကိုကြားလိုက်တာနဲ့ Opening song “Gurenge”က စလို့Mangaရသမပျက်အောင် အကောင်းဆုံးပုံဖော်ထားနိုင်တဲ့Detailကျပြီး လှပတဲ့ animationရေးဆွဲချက်တွေအလယ်၊Character တစ်ဦးချင်းစီရဲ့ပုံရိပ်ကို အပီပြင်ဆုံးဖန်တီးနိုင်မှုအဆုံး….2019ရဲ့ ဝင်ငွေအကောင်းဆုံး Animeတွေထဲကတစ်ခုအဖြစ် အငြင်းပွားဖွယ်မရှိ ရပ်တည်နိုင်ခဲ့တဲ့ Animeတစ်ခုပဲဖြစ်ပါတယ်၊ Nezukoနဲ့Tanjirouလို့ ပြောလိုက်တာနဲ့ တန်းမြင်စေတဲ့ Animeဆိုလည်းမမှားပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လူသားတွေကိုသတ်ဖြတ်စားသောက်ခဲ့တဲ့ Demonတွေဟာ တောတောင်တွေထဲမှာကျက်စားတယ်ဆိုတဲ့ ယုံတမ်းစကားတွေနဲ့အတူ ပြည်သူတွေကိုဒုက္ခပေးလာခဲ့တာပါ၊ ဒီ Demonတွေကို သတ်ဖြတ်ချေမှုန်းမယ့်Demon Slayerတွေကလည်း ရှိနေခဲ့ပါတယ်MC Tanjiro Kamadoဟာ မိသားစုနဲ့အတူ တောင်ပေါ်ကအိမ်လေးတစ်လုံးမှာနေထိုင်ရင်း မိသားစုဝမ်းရေးအတွက်တောင်အောက်ဆင်းပြီး မီးသွေးရောင်းရင်း အသက်မွေးရသူပါ၊တစ်နေ့ Tanjiroတစ်ယောက် မီးသွေးရောင်းရင်း အိမ်ပြန်အလာသူ့မိသားစုဟာ Demonတွေရဲ့လက်ချက်ကြောင့် သေဆုံးနှင့်ပြီဖြစ်သလို ညီမငယ် Nezukoကလည်း အသက်မသေသော်ငှားDemonတစ်ယောက် အသွင်ပြောင်းသွားတဲ့အခါ….သာယာအေးချမ်းတဲ့ဘဝထဲ လေမုန်တိုင်းထန်ပြီးတဲ့နောက်သူ့မိသားစုကို သတ်သွားတဲ့မိစ္ဆာကောင်ကို ကလဲ့စားချေဖို့နဲ့Demonပြောင်းသွားပေမဲ့ လူတစ်ယောက်ရဲ့ ခံစားချက်တွေရှိနေသေးတယ်လို့ သူယုံကြည်ထားတဲ့ ညီမငယ်Nezukoအတွက် လူစင်စစ်အသွင်ပြန်ပြောင်းနိုင်မယ့် နည်းလမ်းကိုရှာဖွေဖို့ Tanjiroတစ်ယောက် စွန့်စားခန်းခရီးစဉ်ကိုစတင်ခဲ့ပါတော့တယ်….