Sengalam செங்களம் FHD

Sengalam செங்களம்

Crime Drama War & Politics FHD 2023-03-24 4.5

ဒီစီးရီးကတော့အနည်းငယ်ထူးဆန်းပါတယ် တစ်ပိုင်းချင်းစီမှာ မတူတဲ့ဇာတ်လမ်း၂ခုကို တစ်ပိုင်းစီပြသပေးသွားမှာပါကွင်းဆက်လူသတ်မှုအကြောင်းနဲ့နိုင်ငံရေးအကြောင်းကိုတစ်ဝက်စီပြသထားတာဖြစ်လို့ မတူတဲ့ခံစားချက်ရစေမှာပါကွင်းဆက်လူသတ်မှု…ဗယ်လာရီမှာ သား၃ယောက်ရှိပါတယ် ရာယာကတော့အကြီးဆုံးပေါ့ဥပဒေနဲ့မဖြေရှင်းနိုင်တဲ့အမှုတွေဆိုလက်နဲ့ဖြေရှင်းပါတယ် သူတို့ပစ်မှတ်ထားနေတဲ့လူတွေကိုတစ်ယောက်ချင်းစီလိုက်သတ်နေတာမျိုးပေါ့ တစ်ရွာလုံးကဒီ၃ယောက်ကိုကယ်တင်ရှင်တွေလို့တွေးကြပါတယ် ဒါကြောင့်ဘယ်ရဲမှသူတို့ကိုဖမ်းမမိတာပါဘယ်ရွာသားတွေကမှ သတင်းမပေး မကူညီပေးကြလို့ပါ ဒီကွင်းဆက်လူသတ်မှုမှာဆိုရင်တော့Farziလိုမျိုး လက်တစ်လုံးခြားလွတ်လွတ်သွားတာလေးတွေကို အသည်းတယားယားကြည့်ရှုရမှာပါနိုင်ငံရေး…ဗီရူဒွန်ဝါဆိုတဲ့မြို့လေးမှာ မိသားစုအစဉ်အဆက် မြို့တော်ဝန်တာဝန်ယူလာတာနှစ်ပေါင်းကို၄၀ကျော်နေတဲ့မိသားတစ်စုရှိပါတယ် ဒီလောက်အချိန်အကြာကြီးဆိုတော့စုမိဆောင်းမိတာတွေနဲ့ မိတ်ဆွေသင်္ဂဟတွေကမနည်းမနော ရွေးကောက်ပွဲတိုင်းသူတို့ချည်းမြို့တော်ဝန်ပေါ့ ဒါကိုခရိုင်အတွင်းရေးမှူးနဲ့ လူတစ်စုကမကျေမနပ်ဖြစ်နေပါတယ်..ဆိုတော့ နိုင်ငံရေးထုံးစံအတိုင်း ကြိုတွေးထားလို့မရတဲ့လှည့်ကွက်တွေနဲ့နေရာလုကြမဲ့အပိုင်းလေးတွေလည်းရှူစားလိုက်ကြပါဦး