ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော စောင့်ပြီးရင်းစောင့်ခဲ့ရတဲ့Time Travel ဇာတ်လမ်းလေးဖြစ်ပါတယ်သတင်းထောက်ဖြစ်တဲ့ ယွန်းဟယ်ဂျွန်းနဲ့ စာရေးဆရာမဖြစ်ချင်တဲ့ဘဲ့ယွန်းယောင်းတို့ဟာ နှစ်ယောက်သား တိုက်တိုက်ဆိုင်ဆိုင်ပဲ၂၀၂၁ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်ကို အချိန်ခရီးသွားအနေနဲ့ ရောက်သွားပါတော့တယ်လက်ရှိဘဝမှာ အမေ့ကိုဆုံးရှုံးလိုက်ရပေမဲ့ ၁၉၈၇ ခုနှစ်ပြန်ရောက်တဲ့အခါမှာအမေဖြစ်သူကို နောက်တစ်ဖန်ပြန်တွေ့လိုက်ရတဲ့ ဘဲ့ယွန်းယောင်းနဲ့ကွင်းဆက်လူသတ်မှုရဲ့ နောက်ကွယ်ကအမှန်တရားကိုဖော်ထုတ်သွားမယ့် ယွန်းဟယ်ဂျွန်းတို့ကြားမှာ ဘယ်လိုဆက်စပ်မှုရှိမလဲအတိတ်ကို ပြန်ပြောင်းချင်တဲ့ ဘဲ့ယွန်းယောင်းကရောအရှုပ်အထွေးတွေကြားကနေ ပြန်ပြင်လို့ရမလားဆိုတာ ကြည့်လိုက်ကြပါဦးနော်အပိုင်း ၁၆ ပိုင်းပါဝင်သွားမှာဖြစ်ပြီး Find me in your memory ကKim Dong Wook နဲ့ The Secret life of my Secretary ထဲကမင်းသမီး Jin Ki Joo တို့ပါဝင်ထားပါတယ်