2029 ခုနှစ် Black December ဆိုတဲ့ ဖြစ်ရပ်ကြီး တစ်ခုကြောင့် တစ်ကမ္ဘာလုံး စွမ်းအင်ပျက်သုဉ်း အမှောင်ကျခြင်းဖြစ်စဉ် (Global Blackout)တစ်ခုဖြစ်ပွားခဲ့ပြီး ကမ္ဘာပေါ်က မူရင်းရှိပြီးသား နိုင်ငံ အားလုံးပြိုကွဲကာ ဓလေ့တူ၊ ရိုးရာတူ၊ ယုံကြည်မှုတူတဲ့ လူတွေစုပြီး သူတစ်လူ ငါတစ်မင်း နယ်မြေဖွဲ့ကာ နေထိုင်လာကြပါတယ်။ ဒီနယ် နဲ့ လူမျိုးတွေကို မျိုးနွယ်စုတွေရယ်လို့ ခေါ်ဆိုကြပါတယ်။ Originesဆိုတဲ့ မျိုးနွယ်စုဟာ နာမည်နဲ့လိုက်အောင် နည်းပညာတွေ နဲ့အဝေး၊ ပြင်ပလောကနဲ့ဝေးရာကို ပြောင်းလာပြီး သဘာဝတရားရဲ့ မူလအနှစ်သာရအတိုင်း တောအုပ်ကြီးထဲမှာ အခြေချနေထိုင်ကြတဲ့ မျိုးနွယ်စုပဲဖြစ်ပါတယ်။ ဒီလိုပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ် ထားတဲ့ Originesတွေရဲ့ပိုင်နက်ကို Atalantianမျိုးနွယ်ရဲ့ ယာဉ်ပျံ တစ်စီး ပျက်ကျလာခဲ့ပါတယ်။