မြင်မြင်သမျှကို ဓာတ်ပုံရိုက်ထားသလို မှတ်မိတဲ့ Photographic Memory ကို ပိုင်ဆိုင်ထားသူ ချာဆူယောင်းက ငယ်ရွယ်စဉ်ကလေးဘဝမှာ အမေဖြစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။ ဆုံးရှုံးလိုက်ရတဲ့နေ့ကလည်း ထူးထူးခြားခြား မိုးတွေရွာတဲ့နေ့တစ်နေ့ ဖြစ်နေခဲ့ပါတယ်။ ဒေသဆိုင်ရာစုံစမ်းရေးအဖွဲ့လို အထူးအဖွဲ့တွေ ပါ ပါဝင်လာချိန်မှာတော့ ဇာတ်လမ်းက ရှုပ်ထွေးလာပါတော့တယ်။ “ပူရှိန်းသကြားလုံး” ကရော လူသတ်မှုနဲ့ ဘယ်လိုပတ်သတ်နေလဲ။ လွန်ခဲ့တဲ့ ၅ နှစ်က သေဆုံးသွားပြီလို့ ထင်ထားခဲ့တဲ့ “ပူရှိန်းသကြားလုံး ကွင်းဆက်လူသတ်သမား” က တကယ်ပဲ မသေသေးတာလားဒါမှမဟုတ် အတုခိုးပြီး လိုက်သတ်တဲ့ လူသတ်သမားလား ဆိုတဲ့ ပဟေဠိများစွာကို ဇာတ်လမ်းနဲ့အတူ စီးမျောရင်း ရင်ခုန်ခံစားနိုင်မယ့် ကိုရီးယားစုံထောက် ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။