Back From the Brink 护心 FHD

Back From the Brink 护心

Drama FHD 2023-05-09 8.3

ဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀က ထျန်းယောက်ဟာ သူ ချစ်ရသူဖြစ်တဲ့ကွမ်ဟန်ဂိုဏ်း ဂိုဏ်းချုပ် စုယင် သစ္စာဖောက်တာကို ခံလိုက်ရပြီး သူ့ရဲ့ နဂါးအကြေးခွံတွေနဂါးအရိုးတွေအပါအဝင် ခန္ဓာကိုယ်ရော ဝိညာဉ်ရော အပိုင်းပိုင်း ဖျက်ဆီးခံလိုက်ရပြီးတော့အရပ်လေးမျက်နှာမှာ တံဆိပ်ခတ်ချုပ်နှောင်တာကို ခံလိုက်ရတယ်…ဒါပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ပဲ သူ့ရဲ့ဝိညာဉ်က လွတ်မြောက်လာခဲ့တယ်…အဲ့ဒါနဲ့ သူက ရွာတစ်ရွာက ရေကန်ထဲမှာ ချုပ်နှောင်ခံထားရတဲ့ သူ့ရဲ့ နဂါးအရိုးကို ခံစားမိပြီးတော့မလွဲသာတဲ့ အခြေအနေကြောင့် ကလေးယောကျာ်းလေးထဲ ဝင်ပူးပြီးနဂါးအရိုးကို ပြန်ယူဖို အခွင့်အရေးကို စောင့်နေခဲ့တယ်…အဲ့ဒီနောက် အမှားကို ကျူးလွန်မိလို ဆရာ့ဂိုဏ်းကနေ မောင်းထုတ်ခံလိုက်ရတဲ့ ယန့်ဟွေနဲ့အချစ်ကြောင့် စိတ်ဒဏ်ရာရထားတဲ့ ထျန်းယောက်တို ဆုံတွေ့သွားကြတဲ့ အခါမှာဘယ်လိုစိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေဖြစ်လာမလဲယန့်ဟွေမှာ နှလုံးကို ကာကွယ်ပေးတဲ့ နဂါးအကြေးခွံကို ပိုင်ဆိုင်ထားမှန်းထျန်းယောက် မတော်တဆသိသွားတဲ့အခါမှာအမှတ်တံဆိပ်ခတ် ချုပ်နှောင်ခံထားရတဲ့သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်ယူဖိုအတွက် မျှော်လင့်ချက်ရှိလာခဲ့ပြီးယန့်ဟွေကို နည်းပေါင်းစုံနဲ့ အတင်းအကြပ် ကူညီစေခဲ့တဲ့ နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမလဲအဲ့ဒီ အစွမ်းအစကို ပိုင်ဆိုင်ထားတဲ့ ယန့်ဟွေကရော ထျန်းယောက်ရဲ့ အသုံးတော်ခံဖြစ်ပြီးတဲ့နောက်မှာဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမလဲ…ခန္ဓာကိုယ်အစိတ်အပိုင်း ရှာပုံတော် ခရီးစဥ်တစ်လျှောက်တစ်ဦးအပေါ်တစ်ဦး မေတ္တာသက်ဝင်လာတဲ့အခါမှာ ဘယ်လိုရင်ခုန်စရာ အခိုက်အတန့်လေးတွေဖြစ်လာမလဲ…စုယင်နဲ့ ယန့်ဟွေရဲ့ ဆရာဖြစ်သူ လင်ရှောင်းတိုကြားမှာရော ဘယ်လိုပတ်သက်မှုတွေ ရှိနေမလဲချစ်သူရဲ့ သစ္စာဖောက်မှုကြောင့် အေးစက်သွားတဲ့ မိစ္ဆာနဂါးကြီးရဲ့ နှလုံးသားကို နေမင်းပမာနွေးထွေးတဲ့ မိန်းကလေးက ဘယ်လိုအရည်ပျော်သွားအောင်လုပ်မလဲ…ချစ်ခြင်းမေတ္တာ၊ အမုန်း၊ ရန်ငြိုး၊ ကလဲ့စားဘာညာ ခွေးသွေးအစုံပလုံအပြင် ဟာသလေးတွေ နှောပြီးခွေးစာအချိုတွေလည်း ရှယ်ကျွေးမဲ့ ရသပေါင်းစုံ ခံစားရမဲ့ XianXiaကားလေးကိုတော့စောင့်မျှော် ကြည့်ရှု အားပေးကြပါဦးနော် အိုက်နီ~❤️