Gotham Knights FHD

Gotham Knights

Drama Action & Adventure FHD 2023-03-14 7.4

Gotham Knights series ကိုတော့ March လ 14 ရက်နေ့မှာ The Flash နဲ့ Arrow series တွေကို ထုတ်ပေးခဲ့တဲ့ CW Channel ကပဲ ထုတ်ဝေပေးခဲ့တာဖြစ်ပြီး အပိုင်း 13 ပိုင်းထွက်ရှိမှာ ဖြစ်ပါတယ်။ဒီစီးရီးမှာတော့ Supernatural ကကျွန်တော်တို့ရဲ့ အချစ်တော် နတ်သား ကတ်စတီရယ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Misha Collins က Harvey Dent aka Two Face အဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ဇာတ်လမ်းအညွှန်းကတော့ Multiverse တစ်ခွင်မှာ plan သာရှိရင် ဘယ်သူ့ကိုမဆို ချနိုင်တဲ့ Batman ဟာ ဒီစီးရီးစစချင်းမှာပဲ လူတစ်ုရဲ့ အကွက်ချသတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ရပါပြီ။ ဆျာဘတ်တို့ရဲ့ ထုံးစံအတိုင်းသူ့မှာ မွေးစားသားဖြစ်သူ Turner Hayes တစ်ယောက်ကျန်နေခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ့အဖေကို သတ်ဖြတ်တဲ့သူကိုရှာဖွေနေတုန်းမှာပဲ သူဟာ သူ့အဖေဖြစ်သူ Batmanသေဆုံးမှုရဲ့ နောက်ကွယ်ကကြိုးကိုင်သူအဖြစ်ချောက်ချခံလိုက်ရတဲ့အခါမှာတော့… Batmanကို သတ်ဖြတ်သွားနိုင်လောက်တဲ့အထိ အားကောင်းတဲ့ အဖွဲ့အစည်းက ဘာလဲ။ သူ့အ‌ဖေသတ်ဖြတ်ခံရမှုရဲ့ အမှန်တရားကို ဖော်ထုတ်နိုင်ပါ့မလား။ ဘယ်သူတွေနဲ့သူပူပေါင်းရမလဲ။ Batman မရှိတော့တဲ့ Gothamမြို့တော်ကြီးကို ဘယ်သူတွေက ကာကွယ်နိုင်ပါ့မလဲဆိုတာကို ဒီSeries မှာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။