Better FHD

Better

Crime Drama FHD 2023-02-13 7

ထောက်စစ်ဆေးရေးမှူး ဆလက်ဟာ သူ့အဖေခြေရာနင်းပြီး ထူးချွန် တာ၀န်‌ကျေတဲ့ ရဲတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ခင်ပွန်းနဲ့ ဆယ်ကျော်သက်အရွယ် အို၀မ်ဆိုတဲ့သားတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာအို၀မ်က ဦးနှောက်အမြှေးရောင်ရောဂါနဲ့ သေလုမျောပါးဖြစ်ပြီး ဆေးရုံရောက်သွားပါတယ်။ အဲဒီအချိန်မှာပဲ ဆလက်က သူ အနှစ်၂၀လောက် ကျူးလွန်ခဲ့တဲ့ အမှားတွေကို ပြန်မြင်ယောင်ပြီးအသိ၀င်လာပါတော့တယ်။တကယ်တော့ သူဟာ အများထင်သလို ပြည်သူ့ဘက်တော်သားတစ်ယောက်မဟုတ်ပါဘူး။ သူ့ငယ်သူငယ်ချင်း မက်ဟျူး၊ လက်ရှိမှာ မူးယစ်ဆေးရောင်းတဲ့ ဂိုဏ်းခေါင်းဆောင်အတွက်အလုပ်လုပ်ပေးနေတာပါ။ အဓိက ပြောရရင်တော့ ငွေလိုလို့ပါ။ သူ့ကြောင့် အပြစ်မရှိတဲ့သူ‌တွေ အပြစ်ဒဏ်ခံရတာတွေ ရှိပါတယ်။ ခင်ပွန်းဖြစ်သူကလည်း သူနဲ့ မက်ဟျူးတို့လုပ်နေတာတွေကိုသဘောမကျပါဘူး။ အမှားတွေ ဆက်တိုက်ကျူးလွန်လာပြီး နောက်ဆုံးအသိစိတ်၀င်လာတဲ့အချိန်မှာ မက်ဟျူးဆီက လွတ်မြောက်အောင် ကြံရွယ်ပါတော့တယ်။သူမျှော်လင့်ထားသလို မက်ဟျူးလက်က လွတ်မလား၊ ဘယ်လိုအမှားတွေကြုံရဦးမလဲ၊ အမှားနဲ့ အမှန်ကို ရွေးချယ်တဲ့အခါ သူ့ရဲ့ အသိစိတ်က အနိုင်ရမလားဆိုတာကတော့ တစ်ပိုင်းပြီး တစ်ပိုင်းဆက်လက်အားပေးရင်း သိနိုင်ပါတယ်နော်…

အပိုင်းများ

Season - 1