အီတလီက မာဖီးယားဂိုဏ်းနဲ့ အဖွဲ့အစည်းတွေအကြောင်းကိုရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲဖြစ်ပါတယ် ။ မာဖီးယားဂိုဏ်းက ခေါင်းဆောင်ရဲ့သားနဲ့ငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်လိုက်ရတဲ့ အန်နာဟာဒန်နိစ်ဆိုတဲ့သမီးတစ်ယောက်ရလာပါတယ် ။ သူ့သမီးအရွယ်ရောက်လာတော့ သူ့အဖေ လူဆိုးနဲ့ဝေးရာကိုသားအမိနှစ်ေယာက်ထွက်ပြေးခဲ့တာ နှစ်အတော်ကြာခဲ့ပါပြိ ။ဒါပေမယ့် ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာအရ သူ့ဖခင်နဲ့ပြန်လည်ဆုံစည်းခဲ့ပြီး အဖြစ်ဆိုးတွေဖြစ်လာပါတယ်။ မိခင်ဖြစ်သူ ပြန်ပေးဆွဲခံရကာသေဆုံးသွားပြီး သမီဖြစ်သူ လည်း ဖခင်နဲ့မာဖီးယားမိသားစု၀င်ဖြစ်လာပါတယ် ။ ဒါပေမယ့် သူတို့သားအမိလိုဖြစ်နေတဲ့ အမျိုးသမီးတွေများစွာရှိနေပါတယ် ။ ဒါကိုသိတဲ့ အီတလီရဲတပ်ဖွဲ့၀င်တွေက မာဖီးယားဂိုဏ်းက ဖိနှိပ်ခံနေရတဲ့အမျိုးသမီးအိမ်ထောင်ရှင်မတွေကိုစည်းရုံးကာ မာဖီးယားဂိုဏ်းတစ်ခုလုံးကိုနှိမ်နင်းတဲ့ ဖြစ်ရပ်မှန်ကိုရိုက်ပြထားတာဖြစ်ပါတယ် ။