စတိတ်ကျောင်းသားဘဝမှာ ကျောင်းအုပ်ဆရာကြီးဆရာမကြီးတွေရဲ့သားမှန်ကြောင်အူကြောင်ကြောင်လေးတွေမြင်ဖူးတယ် ဟုတ်ဒီကားထဲမှာဗီယွန်ဆိုတဲ့ကောင်လေးဟာ ကျောင်းအုပ်ဆရာမကြီးရဲ့ထူးချွန်ကျောင်းသားရဲ့ညီ ကျောင်းရဲ့အလှပဂေးကိုမှရွေးကြိုက်ပြီးလေကြီးလေကျယ်တွေပြောတဲ့ မှန်ကြောင်ငတိလေးပါသူ့ဘေးကအရာအားလုံး လူအားလုံးကသူ့ကိုဝိုင်းပစ်ပယ်အနိုင်မကျင့်နားမလည်ကြဘူးဆိုပြီးတစ်ယောက်တည်းပန်းနုသွေးနေသူပေါ့ခရက်ရှ်လေးကြောင့်သာ ဘဝကြီးကနေချင်စရာရှိသူပါဆိုပြီးခရက်ရှ်မျက်နှာတစ်ကမ္ဘာလုပ်နေသူပါအဲဒီလောက်ကြီးထိသူမှတ်ယူထားတဲ့ ကောင်မလေးက တစ်နေ့မှာရုတ်တရက်ကြီးပျောက်သွားပြီး နောက်မှာတော့ အလောင်းကိုသာပြန်တွေ့ပါတော့တယ် အဲဒီလိုနဲ့ လိုက်စုံစမ်းရင်း ရဲတွေရှာတွေတဲ့သက်သေတွေအရ သံသယရှိသူဟာ ဗီယွန်ပါတဲ့ခရက်ရှ်ကလည်းသေ သူ့ကိုလည်းစွပ်စွဲခံရတဲ့ဗီယွန်ဟာ နည်းပညာရူးလေးအမွှာနှစ်ကောင်အပါအ၀င် သူ့သူငယ်ချင်းလေးယောက်နဲ့အတူအသည်းအသန်လိုက်စုံစမ်းပါတော့တယ်ကျောင်းသားလေးတွေရဲ့အလွဲဟာသလေးတွေနဲ့ အစပျိုးထားပြီးအလှည့်အပြောင်းလေးတွေနဲ့ဆွဲခေါ်သွားမယ့် မှုခင်းကားကောင်းလေးပါ