နည်းနည်းဖြည့်ပြောချင်တာလေးတွေဆက်ပြောပါမယ်။Jujutsu Kaisenကိုဖန်တီးသူ ဆရာ ဂဲဂဲ အခုတမိဟာ Bleachရဲ့ပရိသတ်အကြီးစားပါ။ ဒါကြောင့် ဒီစီးရီးကိုကြည့်နေရင်းနဲ့bleachအငွေ့အသက်မျိုးရပါလိမ့်မယ်။ (ကော်ပီကူးတာမဟုတ်ဘူးနော်။ ဇာတ်လမ်းက ဘာမှမဆိုင်တာ။ fighting styleတွေလည်းမတူဘူး)။ ပြီးတော့ ဒီဂျပန်ကာတွန်းရဲ့ထူးခြားချက်ကဘတ်ဂျက်ဗျ။ တပိုင်းကို အမေရိကန်ဒေါ်လာတသိန်းခွဲသုံးခဲ့တာဆိုတော့ သူ့ထက်ပိုများတာ dragon ball superပဲရှိပါတယ်။ဒါကြောင့်မလို့လည်း animationတွေက တော်တော်ကိုလှပသပ်ရပ်နေတာပါ။ (သူ့လောက်ဘက်ဂျက်သုံးထားတာဆိုရင်aotရှိပါတယ်။ narutoလည်း တပိုင်း တသိန်းသုံးခဲ့တာပါ။တခုတော့ရှိတယ်ဗျ။ ငွေကြေးဖောင်းပွတာနဲ့ပြန်တွက်ရင် narutoရဲ့ထုတ်လုပ်မှုစရိတ်က တပိုင်း တသိန်းခွဲလောက်ရှိနိုင်ပါတယ်။မြန်မာငွေနဲ့ဆိုရင် သိန်း၄ထောင့်ငါးရာလောက်ပေါ့။ စျေးသိပ်မများပါဘူး။ ????)အတွဲ ၂လည်း ဂျူလိုင်လဆိုရင် ကြာသပတေးညတိုင်းလာတော့မှာဗျ။အတွဲ၂ကတော့ ဘတ်ဂျက်အဲ့လောက်မသုံးတော့ဘူးလို့ကြားတာပဲ။ကဲပါလေ….ကြည့်ကောင်းမကောင်း ကိုယ်တိုင်သာကြည့်လိုက်ကြပါတော့တော်သေးပြီ