ဒီဇာတ်လမ်းမှာ မင်းသမီးသေသွားပါတယ်လို့ပြောရင် အညွှန်းရေးသူကအကျင့်ယုတ်ပြီး စပွိုင်လာပေးတယ်မထင်လိုက်ပါနဲ့။မင်းသမီးသေတဲ့နေရာကပဲစရတဲ့ သဘာဝလွန်လူသတ်မှုဇာတ်လမ်းဖြစ်နေလို့ပါ။သေသွားတဲ့ကောင်မလေးက နိဗ်။သူ့အထင်အရတော့ တစ်မနက်မှာ သူကရေကန်ကြီးထဲမှာ အိပ်ရာကနိုးလာတယ်ပေါ့။တကယ်တမ်းတော့အဲ့ဒါက သူ့ဝိဥာဥ်ပါ။သူ့ကိုယ်သူသေပြီမှန်းတောင်မသိတဲ့ နိဗ်က အိမ်တွေဘာတွေပြန်ပြီးသူ့အမေရယ်ညီကိုမောင်နှမတွေရယ်နဲ့ စကားပြောဖို့ပါကြိုးစားလိုက်ပါသေးတယ်။သူတို့ကသူ့ကိုမမြင်နိုင်မှန်းသိပြီး သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေကိုတွေ့မှပဲ သူသေပြီဆိုတာသဘောပေါက်လိုက်ပါတယ်။ဒါပေမဲ့နိဗ်က သူဘာကြောင့်သေသွားလဲ။ သူ့ကိုဘယ်သူကသတ်တာလဲဆိုတာ မမှတ်မိပါဘူး။သူမသေခင်တစ်ညကလဲ သူကကွင်းပြင်တစ်ခုမှာလုပ်တဲ့ပါတီမှာရှိနေပြီးအဲ့မှာ သူ့အဖေ သူ့ချစ်သူ သူ့ဘော်ဒါတွေအပြင် သူတို့မြို့လေးကတခြားသူတွေလဲရှိနေခဲ့တယ်။သူတို့ထဲကဘယ်သူဖြစ်နိုင်မလဲဆိုတာနိဗ်ရှာရမှာပါ။တစ်ခုထပ်ထူးတာက နိဗ်ရဲ့ဝိဥာဥ်ကို မြင်နိုင်တဲ့လူတစ်ချို့ရှိပါသေးတယ်။ သူတို့ကဘာလို့နိဗ်ကိုမြင်နိုင်ရတာလဲ?ဘယ်လိုဖြစ်ဖြစ် နိဗ်ကသူတို့အကူအညီကိုယူပြီး သူ့ကိုသတ်တဲ့လူသတ်မှုကိုကိုယ်တိုင်ပြန်စုံစမ်းတာကိုကြည့်ရမယ့် ထူးခြားတဲ့စီးရီးကောင်းတစ်ခုပါပဲ။