Will Trent FHD

Will Trent

Comedy Crime Drama FHD 2023-01-03 7.4

ဇာတ်လမ်းအကျဉ်းအနေနဲ့ စုံထောက် Will Trent ဟာငယ်စဉ်ကတည်းက မိဘတွေစွန့်ပစ်ခံခဲ့ရပြီး ပြည်နယ်မိဘမဲ့ကလေးစောင့်ရှောက်မှုစနစ်အောက်မှာ ကြီးပြင်းခဲ့ရသူတစ်ဦးပါ။ အဲ့ဒီမှာတွေ့ကြုံခဲ့ရတဲ့ခါးသီးမှုတွေ စိတ္တဇတွေဟာလက်ရှိအချိန်ထိ သူ့အပေါ်သက်ရောက်မှုရှိနေဆဲဖြစ်ပြီး အခုချိန်မှာတော့ဂျော်ဂျီယာစုံစမ်းစစ်ဆေးရေးဗျူရိုမှာ ထိပ်သီးစုံထောက်တစ်ဦးအဖြစ်ဘဝကို ကြိုးစားတည်ဆောက်နေပါတယ်။သူဟာ ငယ်စဉ်ကတည်းက စာသင်ရခက်၊ ဖတ်ရခက်တဲ့ ဦးနှောက်ချို့ယွင်းမှုဝေဒနာကိုခံစားခဲ့ရသူဖြစ်ပြီး စာဖတ်တဲ့နေရာမှာ အခုချိန်ထိအခက်အခဲရှိတဲ့သူပါ။ဒါပေမယ့်လည်း တစ်ဖက်က အားသာချက်အနေနဲ့ အခင်းဖြစ်နေရာတစ်ခုကိုတစ်ချက်ကြည့်လိုက်ရုံနဲ့ သူများတွေ မမြင်နိုင်မျက်စိလျှမ်းသွားနိုင်တဲ့အသေးစိတ်အချက်အလက်လေးတွေကို စူးရှစွာထိုးထွင်းမြင်နိုင်တဲ့သူဖြစ်တဲ့အတွက် ဗျူရိုမှာ မှုခင်းဖြေရှင်းနိုင်မှုအမြင့်ဆုံးစုံထောက်အဖြစ်ရပ်တည်နေပြီး လတ်တလောမှာလဲ အက်တလန်တာရဲတပ်ဖွဲ့ရဲ့ခြစားမှုကိုတာဝန်ပေးခံရချိန်မှာဖြေရှင်းပေးနိုင်ခဲ့သလိုအဲ့ဒီလိုဖြေရှင်းပေးနိုင်ခဲ့တဲ့အတွက် အက်တလန်တာရဲတပ်ဖွဲ့ (APD)ဝင်တစ်ချို့ အဖမ်းခံခဲ့ရပြီး APD ရဲ့မျက်မုန်းကျိုးမှုကိုလဲခံနေရပါတယ်။ဒီဇာတ်လမ်းတွဲမှာတော့ အဲ့ဒီဖြစ်ရပ်တွေ၊ အသိုင်းအဝိုင်းတွေ၊ လူပုဂ္ဂိုလ်တွေကိုနောက်ခံထားပြီး စုံထောက်ကျော် Will Trent ရဲ့ဉာဏ်ကစားခန်းတွေ၊ အမှုဖြေရှင်းပုံတွေ၊ ပုဂ္ဂိုလ်ရေးအားပြိုင်မှုတွေကိုရှုစားရမှာဖြစ်ပါတယ်။ စုံထောက်ကားဆိုပေမယ့် သဘာဝကျကျဟာသတွေ၊ စေ့စပ်တဲ့ကောက်ချက်ဆွဲပုံတွေ၊ စိတ်ဝင်စားစရာဇာတ်လမ်းတည်ဆောက်ပုံတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြိး တစ်ပိုင်းပြီးတစ်ပိုင်းမပျင်းစေရပဲ ကြည့်ချင်စိတ်ကို ဆွဲဆောင်သွားနိုင်မယ့်ဇာတ်ကားဖြစ်ပါတယ်။