တောသူမလေးမီနာက ဘန်ကောက်မြို့ပေါ်တက်ပြီး အဖေနဲ့အတူအလုပ်လုပ်နေသူပါမဟုတ်မခံတတ်တဲ့မီနာတစ်ယောက် သူများကိစ္စဝင်ကူရှင်းပေးရင်းမာဖီးယားဂိုဏ်းဝင်ချာနွန်နဲ့ဆုံမိကြပါတယ်မီနာဖခင်က အကြွေး၁သိန်းရှိသော်လည်း ချာနွန်တပည့်တွေက အတိုးနဲ့ပေါင်း ၃သိန်းပြန်တောင်းတာကြောင့် ရန်ဖြစ်ခဲ့ကြရာမီနာတယောက် ချာနွန်က သူ့အဖေကိုရန်ပြုခဲ့သူအဖြစ် အမုန်းကြီးမုန်းနေခဲ့ပါတယ်တရားမဝင်စီးပွါးရေးတွေလုပ်နေရတဲ့ ချာနွန်ကလည်း ဒီလောင်ရိပ်ထဲမှာ ပိတ်မိနေသူလားသူတကယ်ပဲ မီနာ့အဖေကိုရန်ပြုခဲ့တာလားမီနာတစ်ယောက်ရော ချာနွန်ကိုဘယ်တော့မှအမြင်ကြည်မလဲအရိုင်းပန်းလေးမီနာတယောက် ဒီအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကိုတော့အရမ်းကောင်းတဲ့ဒရမ်မာဇာတ်ကားလေးဖြစ်တဲ့ “သံမဏိအရိုင်းပန်း”ကို စောင့်မျှော်ကြည့်ရှုရအောင်နော်