Revenant 악귀 FHD

Revenant 악귀

Drama Mystery FHD 2023-06-23 10

အစိုးရအရာရှိဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ ဂူဆန်း‌ယောင်းဟာ နေ့ဘက်ဆိုအချိန်ပိုင်းအလုပ်လုပ်ပြီးညဘက်ဆိုစာလေ့လာရင်းအလုပ်ရှုပ်နေတတ်တဲ့ကောင်မလေးဖြစ်ပါတယ်။တစ်ဖက်ကမ္ဘာမှာတော့ ဂူဆန်းယောင်းကိုပူးကပ်နေတဲ့ နတ်ဆိုးတစ်ပါးရှိပြီး တစ်နေ့မှာတော့ ဂူဆန်း‌ယောင်းရဲ့ ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့အချိန်ကစပြီးဂူဆန်းယောင်းဟာတဖြည်းဖြည်းချင်း ပြောင်းလဲလာတယ်ဆိုတာကို သူကိုယ်တိုင် သတိပြုမိလာပါတော့တယ်ယောမ်ဟယ်ဆန်းကတော့ တက္ကသိုလ်မှာကိုရီးယားရိုးရာပုံပြင်တွေကိုသင်ကြားပို့ချတဲ့ဆရာတစ်ယောက်ဖြစ်ပြီး ငယ်ငယ်ကတည်းကမကောင်းဆိုးဝါးတွေကို မြင်နိုင်စွမ်းရှိသူ တစ်ယောက်ဖြစ်ပါတယ်။အီဟုန်းဆယ်ကတော့ အကြမ်းဖက်ပြစ်မှုစုံစမ်းရေးအဖွဲ့က လက်ထောက်အဖွဲ့ဝင်ဖြစ်ပြီးရဲဌာနမှာ အလုပ်ဝင်နိုင်ဖို့အတွက် ကြိုးပမ်းနေသူတစ်ယောက်ဖြစ်ပါတယ်။ယောမ်ဟယ်ဆန်းဟာ ဂူဆန်း‌ယောင်းတို့ဆုံတွေပြီးနောက်မှာတော့မိခင်ဖြစ်သူရဲ့အသက်ကိုနုတ်ယူသွားတဲ့နတ်ဆိုးကိုရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။အီဟုန်းဆယ်ကလည်း သူတို့နှစ်ယောက်ကြောင့် ထူးဆန်းတဲ့ပြစ်မှုတွေထဲမှာပါဝင်ပတ်သတ်ဖို့ဖြစ်လာတဲ့အခါမှာတော့…..