Nobody Knows 아무도 모른다 FHD

Nobody Knows 아무도 모른다

Crime Drama Mystery FHD 2020-03-02 8

ဒီတစ်ခေါက် ပရိတ်သတ်ကြီးတွေအတွက် အရမ်းမိုက်တဲ့ ကွင်းဆက်လူသတ်မှုကား‌ဟောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။အမှုကားတွေကြိုက်တဲ့ ပရိတ်သတ်ကြီးတို့သိကြတဲ့အတိုင်း ကွင်းဆက်လူသတ်မှုတွေမှာ ထူးခြားတဲ့အချက်ကိုလိုက်ပြီး အမှုအမည်တပ်လေ့ရှိပါတယ်။ ဒီကားမှာတော့ ကွင်းဆက်လူသတ်သမားဟာခရစ်ယာန်ဘာသာမှာ “ဒဏ်ချက်တော်” လို့ခေါ်ဝေါ်တဲ့ အမှတ်အသားတစ်ခု “Stigmata” ကို နစ်နာသူရဲ့ ခန္ဓာကိုယ်‌ပေါ်ချန်ထားခဲ့တတ်ပါတယ်။ဒီ Stigmata လူသတ်သမားရဲ့ သားကောင်ဖြစ်သွားခဲ့ရတဲ့ သူငယ်ချင်းအတွက် လက်စားချေဖို့ရာ ချာယောင်းဂျင်းတစ်ယောက် စုံထောက်ဖြစ်လာခဲ့ပြီး ၁၉ နှစ်ကြာအောင် ဒီအမှုနောက်ကိုပဲလိုက်ရင်းဘဝကိုဖြတ်သန်းလာသူပါ။နှစ်များစွာကြာလာတာနဲ့အမျှ “Stigmata ကွင်းဆက်လူသတ်မှု” ကြီး အေးစက်လာတဲ့အချိန်မှာ ချာယောင်းဂျင်းရဲ့သူငယ်ချင်း အထက်တန်းကျောင်းသား ဂိုအွန်းဟိုဟာ ဟိုတယ်အဆောက်အဦးတစ်ခုပေါ်ကခုန်ချပြီး ကိုမာဖြစ်သွားခဲ့ပါတယ်။ဆက်စပ်မှုမရှိတဲ့ “Stigmata” နဲ့ “ဂိုအွန်းဟို” အမှုနှစ်ခုဟာ “ဘဝသစ်ခရစ်ယာန်ဘုရားကျောင်း” နဲ့ ဆက်နွယ်မှုတွေရှိနေရင်းက သံသယဝင်စရာတွေဖြစ်လာပါတော့တယ်။“Stigmata ကွင်းဆက်လူသတ်မှု” ရဲ့ သံသယရှိသူ ဆောဆန်းဝန်းဟာ ဘဝသစ်ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာဟောင်း ဖြစ်နေတဲ့အခါ…ဂိုအွန်းဟိုရဲ့အတန်းပိုင်ဆရာနဲ့ကျောင်းရဲ့ ဥက္ကဌအပါအဝင် ဟိုတယ်နဲ့ ဖောင်ဒေးရှင်းဒါရိုက်တာတို့က ဘဝသစ်ဘုရားကျောင်းမိဘမဲ့ဂေဟာက ပုဂ္ဂိုလ်တွေဖြစ်နေတဲ့အခါ…ချာယောင်းဂျင်းနဲ့ ဂိုအွန်းဟိုရဲ့ အတန်းပိုင်ဆရာတို့က စုံစမ်းအဖြေထုတ်ရင်း ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို တစ်ပိုင်းပြီးတစ်ပိုင်း စိတ်ဝင်စားဖွယ်ကြည့်ရမယ့် ကားလေးမို့လက်မလွတ်သင့်ပါဘူးနော်။