Debris FHD

Debris

Drama Sci-Fi & Fantasy FHD 2021-03-01 7.1

ကမ္ဘာပေါ်က ပညာရှင်တွေကဂြိုလ်သားယာဉ်ပျံတစ်စီးကို လွန်ခဲ့တဲ့ ၃ နှစ်တုန်းကတွေ့ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၆ လမှာတော့ အဲဒီယာဉ်ပျံက အပိုင်းအစအနတွေဟာ ကမ္ဘာမြေပေါ် ပြုတ်ကျလာပါတယ် အဲဒါကို Debris တွေလို့ ခေါ်ပြီး ခေါင်းစီးနာမည်ကဒါကို ပေးထားတာ ဖြစ်ပါတယ်။ သူက သာမန်ပြုတ်ကျလာရင်တော့ ကိစ္စမရှိဘူးပေါ့ ဒါပေမဲ့ ဒါက နေရာအနှံ့အပြား ပြုတ်ကျလာတဲ့အပြင် တစ်ခုချင်းစီတွေက ထူးခြားတဲ့ စွမ်းအားတွေရှိနေတာပဲ ဖြစ်ပါတယ် (စွမ်းအားတွေက ပေါင်းစုံပေမယ့်ပြောပြထားလိုက်ရင် Spoiler ဖြစ်မှာစိုးလို့ မပြောတော့ပါဘူး)အဲဒီတော့ အမေရိကန်နဲ့ အင်္ဂလန် နှစ်နိုင်ငံပေါင်းပြီး သိပ္ပံပညာရှင်ကြီးဂျော့ချ်ဂျုံးရဲ့ ဦးဆောင်မှုနဲ့အတူ ဒီအရာတွေကို လိုက်လံဖြေရှင်းဖို့ အော်ဘစ်တယ်ဆိုတဲ့ မဟာမိတ်အဖွဲ့ကြီး ဖွဲ့လိုက်ပါတယ်။အမေရိကန်ဖက်က စီအိုင်အေလက်အောက်ခံ စစ်ပြန် ဘရိုင်ယန်နဲ့အင်္ဂလန်ဖက်က MI 6 လက်အောက်ခံ အေးဂျင့် ဖီနိုလာတို့ကပူးပေါင်းပြီး အမေရိကန်အနှံ့ ကျရောက်ခဲ့တဲ့ အစအနတွေကိုလိုက်ရှာပြီး အမှုတွေ ဖြေရှင်းရတာပေါ့။ အဲဒီမှာ တစ်ဖက်မှာလည်းဒီ Debris တွေကို မှောင်ခိုဈေးကွက်တွေနဲ့ လှုပ်ရှားနေတဲ့ လူဆိုးအဖွဲ့အစည်း အင်ဖလက်စ်ဆိုတာလည်း ရှိပြီး အော်ဘစ်တယ်နဲ့ထိပ်တိုက်တွေ့တဲ့အခါမှာတော့……။ ဘရိုင်ယန်နဲ့ ဖီနိုလာ ဒီအဖွဲ့ကိုနှိမ်နင်းနိုင်ပါ့မလား ကြားထဲက အမှုတွေကလည်း ဘယ်လိုတွေထူးခြားပြီး ဖြေရှင်းရမလဲ သူတို့ အချင်းချင်းကြားမှာရောအထက်က လျှို့ဝှက်အမိန့်တွေ လျှို့ဝှက်ချက်တွေနဲ့ ဘယ်လိုဆက်ပြီးပူးပေါင်းလှုပ်ရှားကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။