Mid day ရဲ့သတင်းထောက် Jyotirmoy Dey 2011 မှာ အမှုစွပ်စွဲခံရရာကနေBehind Bars in Byculla:My days in Prison ဆိုတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကိုအခြေခံထားတဲ့ ဖြစ်ရပ်မှန်စီးရီးကိုNetflix ကနေထုတ်လွှင့်လိုက်တာပဲဖြစ်ပါတယ်Scoop ဆိုတာ informal အဓိပ္ပာယ်အရဆိုရင် အပြိုင်သတင်းပေါ့ သတင်းစာတိုက်တွေကြားကိုယ်ကသတင်းထူးသတင်းဦးကို လုပြီး ပုံနှိပ်ဖော်ပြရတာမျိုးပါအဓိကမင်းသမီး ဂျက်ရူတီက East Asia ဂျာနယ်ရဲ့ အဓိကမှုခင်းသတင်းထောက်တစ်ယောက်ပါမှုခင်းသတင်းထောက်ဆိုတော့ ရဲတွေရော လမ်းဘေးကကောင်တွေရော ဂိုဏ်းစတားတွေအားလုံးနဲ့အဆက်အသွယ်ရှိပါတယ် သူ့အတွက်က သတင်းရဖို့အတွက်ဆိုရင် မိသားစုကိုပါဘေးချိတ်ပြီးသတင်းရမဲ့နေရာကိုပြေးတဲ့ သတင်းထောက်တစ်ယောက်ပါအဲဒီအချိန်မှာပဲ သူ့ရဲ့ပြိုင်ဘက်သတင်းထောက်တစ်ယောက်က အသတ်ခံလိုက်ရတဲ့အခါမှာလူတိုင်းက ဂျက်ရူတီတစ်ယောက် သူ့ရဲ့မြေအောက်လောကအဆက်အသွယ်တွေကိုသုံးပြီးသူ့ပြိုင်ဘက်ကို လုပ်ကြံလိုက်တာလို့ပဲ ယူဆကြပါတော့တယ်ဂျက်ရူတီတစ်ယောက် အပြစ်ကင်းမကင်း သူ့ရဲ့အပြစ်ကင်းမှုကို မှုခင်းသတင်းထောက်ပီပီကိုယ်တိုင် ဘယ်လိုသက်သေပြဖို့ကြိုးစားမလဲဆိုတာလက်တွေ့ဆန်ဆန်သိမြင်ခံစားရမှာမို့ ပရိသတ်ကြီးအတွက်ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်