Delete FHD

Delete

Drama Mystery FHD 2023-06-28 1

စိုက်ပျိုးမွေးမြူရေးခြံပိုင်ရှင် Too ရဲ့ဇနီးသည်လည်းဖြစ်သလို ကိုယ်တိုင်က အနုပညာပြခန်းတစ်ခုကိုဦးစီးနေတဲ့ Lilly ကအများအမြင်မှာတော့ အိမ်ထောင်ရေး၊ စီးပွါးရေး အဖက်အဖက်ကပြည့်စုံကံကောင်းတဲ့အမျိုးသမီးကောင်းလေးပေါ့။ဒါပေမယ့် Lilly က အများထင်သလိုမဟုတ်ဘဲ နာမည်ကျော်စာရေးဆရာ Aim နဲ့ဖောက်ပြန်နေတဲ့ အိမ်ထောင်ရေးဖောက်ပြန်နေသူတစ်ဦးပါ။တစ်ဖက်မှာလည်း Aim က လူလွတ်တစ်ယောက်မဟုတ်ဘဲ ရည်းစားဖြစ်သူ Orn နဲ့ အတူနေဆက်ဆံရေးရှိနေသူပါ။ဒီလိုနဲ့တစ်နေ့ကျ Aim နဲ့ Lilly တို့ဖောက်ပြန်နေတဲ့အကြောင်းကို Orn သိသွားရာကနေ ကတောက်ကဆအခြေအနေတွေစတင်လာပါတော့တယ်။ဒီလိုနဲ့ အခက်တွေ့နေတဲ့ Aim နဲ့ Lilly ဆီကို ထူးဆန်းတဲ့ ပစ္စည်းတစ်ခုရောက်လာပါတော့တယ်။အဲဒီပစ္စည်းရဲ့ထူးခြားချက်က လူတစ်ယောက်ကိုဓာတ်ပုံရိုက်လိုက်တာနဲ့ အဲဒီလူက ပျောက်ချင်းမလှပျောက်သွားတာပါ။ရေနစ်နေတဲ့အချိန် ဆွဲစရာကောက်ရိုးမျှင်လေးရသွားသလိုဖြစ်သွားတဲ့ Aim နဲ့ Lilly တို့နှစ်ယောက်ဒီပစ္စည်းကိုသုံးပြီး Orn နဲ့ Too ကိုဖျောက်ပစ်မလား .. ပျောက်သွားတဲ့လူတွေကရော ဘယ်ကိုရောက်သွားတာလဲ .. စတာတွေကိုအပိုင်း ၈ ပိုင်းနဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။Drama, Mystery, Thriller ဇာတ်လမ်းအမျိုးအစားဖြစ်သလို ဇာတ်ဆောင်တွေအနေနဲ့ကလည်းနာမည်ကြီး Nat Kitcharit, Ice Natara Nopparatayapon, Fah Sarika Sathsilpsupa, Aokbab Chutimon Chuengcharoensukying တို့ပဲဖြစ်ပါတယ်။