မင်းသားချောလေးအာဒစ်သယားရွိုင်းကပူး..မအိုဆေးသောက်ထားတယ်လို့ပြောစမှတ်တွင်လောက်အောင် နုပျိုနေတဲ့ မင်းသားကြီး အနီလ်ကပူး..မင်းသမီးချောလေး ဆိုဘီသားဒူလီပါလားတို့ကအဓိကနေရာကနေ သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းကတော့စိတ်ဝင်စားစရာပါ။မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ကလူမျိုးရေး ပဋိပက္ခနဲ့ လက်နက်မှောင်ခို လောဘသားတို့ရဲ့ဆက်နွယ်မှုတွေအကြောင်းပါ။လူမျိုးရေးပဋိပက္ခကြောင့်ရှုပ်ထွေးနေချိန် ကြားထဲကနေ အမြတ်ထုတ်ချင်တဲ့ဝိသမလောဘသားတစုဟာ လက်နက်မှောင်ခိုလုပ်ဖို့ကြံလာပါတယ်…အဲ့ဒီ လောဘသားတစုရဲ့လုပ်ရပ်ကြောင့်ပဲ အကျိုးဆက်ဆိုးကျိုးတွေဖြစ်လာပုံကိုအသည်းတလှပ်လှပ်နဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုသွားရမယ့်ဘောလိဝုဒ်ဇာတ်လမ်းတွဲကောင်းတခုပဲဖြစ်ပါတယ်