ဒီတစ်ခေါက်မှာတော့ နာမည်ကြီးမင်းသားကြီးတွေ အဓိက ပါဝင်ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခပ်ကြမ်းကြမ်းအက်ရှင် ဇာတ်လမ်းလေးမို့လို့ အက်ရှင်ကြိုက်တဲ့ပရိတ်သတ်တွေအနေနဲ့ မလွတ်တမ်းကြည့်ရှု သင့်တဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲနော်။ င်ထက်ရို့ဟာ ဂူမိုရဲစခန်းက ပင်စင်ယူဖို့နီးနေပြီဖြစ်တဲ့ စုံထောက်ဟောင်းတစ်ယောက် ဖြစ်ပါတယ်။ အသက်ကြီးလို့အနားယူချင်ပေမယ့် ပင်စင်လစာကိုမျှော်မှန်းပြီးတော့ စုံထောက်အလုပ်ကို ဆက်လက်လုပ်ကိုင်နေတဲ့လူတစ်ယောက်၊ အတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့စုံထောက်တစ်ယောက်ဖြစ်ပေမယ့်အကြီးတန်းစုံထောက်ထက် ရာထူး ပိုတိုးမလာခဲ့ပါဘူး။ ဂူမိုမြို့က ဆိပ်ကမ်းမြို့ဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးမှုတွေနဲ့ အခြားသော ရာဇဝတ်မှု တွေများပြားတဲ့ မြို့တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဂူမိုမြို့ရဲ့ရဲမှူးဆောဂွမ်ဆူဟာ ဂူမိုမြို့နေ ပြည်သူတွေရဲ့ လုံခြုံရေးအတွက်ရည်ရွယ်ပြီးတော့ အထူးစုံစမ်းရေးအဖွဲ့တစ်ခုကို ဖွဲ့စည်း ပေးခဲ့တယ်။ တစ်ရက်မှာတော့ စုံထောက်ကြီးဂင်ထက်ရို့ဆီကို အမည်မသိဖုန်းတစ်ခုဝင်လာပြီးတော့ ငါက မင်းရဲ့သူငယ်ချင်းဟောင်းတစ်ယောက်ပါလို့ပြောခဲ့ပြီး။ နောက်ထပ် ဖုန်းထပ်ခေါ်တဲ့အခါမှာတော့ မင်းရဲ့ လုပ်ဖော်ကိုင်ဖက် အူဟျွန်ဆော့ကို ငါသတ်လိုက်တယ် ဆိုပြီးပြောလာခဲ့ပါတယ်။