I'm a Virgo FHD

I'm a Virgo

Comedy Drama Sci-Fi & Fantasy FHD 2023-06-22 7.2

အခုညွှန်းသွားပေးမဲ့ စီးရီးကတော့ ငလက်မပုံပြင်နဲ့ ဆန့်ကျင်ဘက်လူထွားကြီးဇာတ်လမ်းပါ တဲ့။ Virgo ရာသီခွင်ထဲမှာ မွေးဖွားလာတဲ့ကူတီဆိုတဲ့ ကောင်လေးတစ်ယောက်က မွေးကတည်းက သာမန်လူတွေနဲ့ မတူဘဲ ခန္ဓာကိုယ် အဆမတန် ကြီးထွားနေခဲ့ပါတယ်။ ဒီလိုနဲ့အရွယ်ရောက်လာတော့ အရပ်ကြီးက ၁၃ ပေထိ ရှည်လာပြီး ဆိုဒ်ကြီးကလည်း ကျွန်တော်တို့ဆီမှာ အလှူခံလှည့်တဲ့ထဲက ဒုံးရုပ်ကြီးတွေရဲ့ လေးဆလောက်ကို ရှိလာခဲ့တာပါ။ ဒီလိုသာမန်မဟုတ်တဲ့ ဖြစ်ရပ်ကြောင့် ကူတီရဲ့ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် မိဘတွေက သူ့ကိုလူမြင်ကွင်းဆီ မထွက်ခိုင်းဘဲ အိမ်တွင်းအောင်းပြီးသာ နေခိုင်းခဲ့ပါတယ်။ဒီလိုနဲ့နေလာရင်း တစ်နေ့မှာတော့ ကူတီနဲ့ရွယ်တူ ဆယ်ကျော်သက်လေးတစ်သိုက်နဲ့ အမှတ်မထင် တွေ့ဆုံသွားကြပြီး ကူတီတစ်ယောက် ပြင်ပကမ္ဘာကြီးကို စူးစမ်းလေ့လာခွင့် ရသွားခဲ့ပါတယ်။သာမန်လူမဟုတ်တဲ့ ကူတီအတွက် ပြင်ပကမ္ဘာက နွေးထွေးစွာ ကြိုဆိုပေးမလား၊ ဒါမှမဟုတ် မိဘတွေပြောသလိုပဲ သူ့ကို ဗီလိန်ဇာတ်သွင်းပစ်မဲ့ ကမ္ဘာတစ်ခု ဖြစ်နေမလား၊ ဒါတွေအားလုံးရဲ့ အဖြေကို ကူတီကိုယ်တိုင် ရှာဖွေရပါတော့မယ်။ Comedy လေးနဲ့ ပေါင်းစပ်တင်ပြထားပြီးသဘာဝလွန်ဖြစ်ရပ်တွေကို သဘောကျတဲ့သူတွေအဖို့ ဒီစီးရီးက အကြိုက်တွေ့စရာတစ်ခု ဖြစ်လာဦးမှာပါ။ တစ်ခုရှိတာက Virgo ရာသီမှာ မွေးတဲ့သူတွေကတော့ ကြည့်ပြီးနည်းနည်းအောင့်သက်သက် ဖြစ်လိမ့်မယ်ဗျ။ဒီကောင်က ဘာလုပ်လုပ် “ငါက Virgo ဆိုတော့ ဘယ်လိုလုပ်ရမှာပေါ့”ဆိုပြီး ဘာနေနေ Virgo ကို လွှဲချနေလို့ပါပဲ။