နီရှန့်တ်သဘောကျမိတဲ့ မြို့ပြအင်ဂျင်နီယာမေဂျာကကောင်မလေး ရှုဘရာ အသွင်စုံအရောင်စုံနဲ့အင်ဂျင်နီယာကျောင်းတော်ကြီးက ကျောင်းသားတစ်ဖွဲ့ရဲ့ ကျောင်းသားဘဝ…“သူငယ်ချင်း….” ခင်ဗျားတို့စိတ်ထဲမှာ အဲဒီလိုလေးတွေးကြည့်လိုက်တာနဲ့ တစ်ကောင်ပြီးတစ်ကောင်အလျှိုလျှိုပေါ်လာခဲ့ရင် ခင်ဗျားဖြတ်သန်းခဲ့ရတဲ့ ငယ်ဘ၀က ဘယ်လောက်ကြည်နူးစရာကောင်းလဲမှန်းကြည့်လို့ရပြီ။ဘော်ဒါအပေါင်းအသင်းနဲ့ပျော်စရာငယ်ဘ၀ဆိုတာ ကိုယ်ကိုယ်တိုင်ခံစားကြုံတွေ့ဖူးတဲ့သူ၊မကြုံဖူးပေမဲ့ စာတွေရုပ်ရှင်တွေကနေတစ်ဆင့် ရင်ထဲမှာတစိမ့်စိမ့် ကြည်နူးမိတဲ့သူတွေချည်းပါပဲ။ဆိုတော့ ချစ်ရတဲ့သူငယ်ချင်းတွေနဲ့ပျော်ရွှင်ခဲ့ရတဲ့အတိတ်တွေကို အောက်မေ့ချင်တဲ့သူဆယ်ကျော်သက်ဘဝကိုကျော်လွန်အရွယ်ရောက်လာကြမဲ့ ညီငယ်ညီမငယ်တွေအတွက်လည်းအနာဂတ်ကိုကြိုတွေးပုံဖော်ကြရင်း “လွယ်အိတ်တလုံး ပုခုံးထက်မှာ အပျော်ဆုံးကျောင်းတက်ချိန် ကျောင်းသားဘ၀”ဆိုတဲ့သီချင်းလေးအတိုင်း တက္ကသိုလ်ကျောင်းတော်ကြီးကဘ၀တွေကို တစိမ့်စိမ့်ပြန်တွေးရင်း ခံစားကြည့်လိုက်ရအောင်။