The Longest Promise 玉骨遥 FHD

The Longest Promise 玉骨遥

Drama Sci-Fi & Fantasy FHD 2023-07-02 8.3

ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ရှေးအခါတုန်းကခုံစမ်းနိုင်ငံမှာ အေးဆေးတည်ငြိမ်တဲ့ ခုံစန်းမင်းသား ရှစ်ယင် (Xiao Zhan )နဲ့ ရိုးသားချောမောတဲ့ချီကျူးမင်းသမီးလေး ကျူးယန် ( Ren Min ) တို့ရှိပါတယ်သူတို့၂ယောက်မှာ အတိတ်ဘဝ က ကြိုတင်သတ်မှတ်ထားတဲ့တွေ့ဆုံရမယ့် ကံကြမ္မာတစ်ခုရှိပေမယ့်လည်းဒီဘဝမှာတော့ လွဲမှားမှုတစ်ခုကြောင့် သူတို့ဟာ၃ နှစ်တိုင်တိုင် ဆရာနဲ့ တပည့်ဖြစ်လာခဲ့ပါတယ်။ရှစ်ယင်က ကျူးယန်ကို မြင်မြင်ချင်း ချစ်မိသွားခဲ့တာပါ။ကျူးယန် ၁၃ နှစ်အရွယ်မှာ ရှစ်ယင်က ကျူးယန်ကိုကျိုးယိတောင်ကို လွှတ်လိုက်ပြီးတော့ သူ့ကို ကျောက်စိမ်းအရိုး ပေးခဲ့ပါတယ်။ကျောက်စိမ်းအရိုးဆိုတာ ခုံစန်းဧကရာဇ်တွေကသတို့သမီးတွေကို ပေးလေ့ရှိတဲ့ လက်ဆောင်ပဏ္ဍာတစ်ခုပါ။တချိန်မှာ မိစ္ဆာတွေထကြွလာတဲ့အခါ ခုံစန်းနိုင်ငံဟာ အန္တရာယ်ကျရောက်လာခဲ့တယ်။ကျူးယန်နဲ့အတူ ကြီးပြင်းလာခဲ့တဲ့ ကျစ်ယွမ်ကိုပင်လယ်ဧကရာဇ်လို့ ရှစ်ယင်က အထင်မှားသွားခဲ့ပြီးတော့ကျစ်ယွမ်ကို ပိတ်လှောင်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာရှစ်ယင်နဲ့ ကျူးယန်ကြား သဘောထားကွဲလွဲမှုကို ဖြစ်သွားစေခဲ့တယ်။ထွက်ပေါ်ထားတဲ့ ကြိုဟောနိမိတ်စကားအရ ကျူးယန်က ရှစ်ယင်ကိုသူပေးထားတဲ့ ကျောက်စိမ်းအရိုးနဲ့ထိုးပြီး သတ်ပစ်မယ်ဆိုတဲ့ ဟောကိန်းလေးတခုရှိပါသေးတယ်ဒါဆိုရင် ဒီကြိုဟောနိမိတ်က တကယ်ပဲဖြစ်လာမလား၊ရှစ်ယင်နဲ့ ကျူးယန်တို့ကရော ဒီဘဝမှာ ပေါင်းစည်းနိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာ ခံစားချက်မျိုးစုံနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။