ဇာတ်လမ်းအနေနဲ့ကတော့…စီးပွားရေးအဆင်မပြေဖြစ်ပြီး စိတ်ဓာတ်ကျနေတဲ့လုပ်ငန်းရှင်ကြီးမာဒါ့ဗ်တို့မိသားစုနဲ့ ဘုရားမဲ့ဝါဒကိုလက်ကိုင်စွဲထားတဲ့ ရန်ဂျိသ်ဆိုနီဆိုတဲ့စာရေးဆရာတစ်ယောက်တို့ရဲ့ ဘုရားဖူးခရီးကို ကြည့်ရှုရမှာပါ။မာဒါ့ဗ်ဟာ “18 shakti peethas” လို့ခေါ်တဲ့ စန္ဒီမယ်တော်ကျောင်းတော် ၁၈ ကျောင်းဆီဘုရားဖူးရင်း တစ်ကျောင်းစီကနေ အောင်မြေလက်တစ်ဆုပ်စာ စုဆောင်းဖို့တစ်ကျောင်းပြီးတစ်ကျောင်း ခရီးနှင်လာပြီး စာရေးဆရာကြီး ရန်ဂျိသ်ကတော့“18 shakti peethas” လို့ခေါ်တဲ့ စာအုပ်ကိုပြုစုဖို့ လေ့လာရေးထွက်လာတဲ့သူပါ။ဒီလိုနဲ့ မတူညီတဲ့ရည်ရွယ်ချက်နဲ့ မထင်မှတ်ဘဲ ခရီးအတူထွက်ခဲ့ကြရင်းဘုရားကိုအကြွင်းမဲ့ ယုံကြည်တဲ့သူနဲ့ ဘုရားမဲ့ဝါဒကိုင်စွဲထားတဲ့သူတို့ဘာသာရေးအပေါ်ခံယူချက်တွေ၊ သဘောတရားတွေကို ဖလှယ်ကြမယ်ဆိုတာတောတောင်ရေမြေသဘာဝအလှတွေ ဒေသတစ်ခုပြီးတစ်ခု ခရီးနှင်ကြပုံတွေစိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ စိတ်ဖိစီးစရာတွေ ခဏထားခဲ့ပြီးသူတို့နဲ့အတူ ဘုရားဖူးတစ်ခါလောက် ထွက်လိုက်ကြရအောင်ဗျာ….