နက်ဖလစ်ရဲ့ ရက်စီးဒန့်အီဗယ်စီးရီးအသစ်ထွက်လာပါပြီ။ဇာတ်လမ်းရော ရိုက်ချက်တွေရောသရုပ်ဆောင်တွေရော အတော်ကိုကောင်းပါတယ်ဇာတ်လမ်းကလည်း အသစ်အဆန်းနည်းနည်းဖြစ်တော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ဇာတ်လမ်းကျောရိုးကတော့ အားလုံးသိတဲ့အတိုင်းပါပဲ… အမ်ဘရဲလားကုမ္ပဏီရဲ့ ဆေးဝါးစမ်းသပ်မှုတွေကြောင့် ဇွန်ဘီးတွေဖြစ်လာပြီးကမ္ဘာတစ်ခုလုံး အဆုံးသတ်သွားခဲ့ပါတယ်။အသက်ရှင်ကျန်တဲ့လူသန်း ၃၀၀ လောက်ပဲရှိပြီး ဇွန်ဘီး သန်း ၆၀၀၀ လောက်ဖြစ်နေပါပြီ။အမ်ဘရဲလားကတော့ ကမ္ဘာကြီးကို လက်ဝါးကြီးအုပ်ပြီးစိုးမိုးနေဆဲပါပဲ။လူတွေကလည်း ကမ္ဘာအနှံ့မှာ ကိုယ့်အဖွဲ့လိုက် ရှင်သန်ဖို့ကြိုးစားနေကြပါတယ်။အဲဒီကြားထဲမှာမှ ထူးခြားတဲ့ နောက်ခံဇာတ်လမ်းတွေနဲ့ အမ်ဘရဲလားအလိုရှိနေတဲ့လူတွေ၊ တိုက်ခိုက်ရေးသမားတွေ ပါလာတဲ့အခါ….