စုံထောက်အိုဂျင်ဆန်းဟာ တစ်ဦးတည်းသောညီလေးနဲ့အတူ သာမာန်ဘဝလေးကို ပျော်ရွှင်စွာဖြတ်သန်းနေသူဖြစ်ပါတယ်။တစ်ရက်မှာတော့ လူသတ်မှုတစ်ခုအတွက် ညီဖြစ်သူက သံသဃရှိသူအဖြစ်စွပ်စွဲခံရတဲ့အပြင် မိုးသည်းတဲ့ညတစ်ညမှာ ရုတ်တရက်အသတ်ခံလိုက်ရပါတော့တယ်။ ထိုနေ့မှစပြီး ဆက်တိုက်ကျရောက်လာတဲ့ကံကြမ္မာဆိုးတွေကို အိုဂျင်ဆန်းတစ်ယောက်ဘယ်လိုရင်ဆိုင်သွားမလဲ…။ တကယ့်လူသတ်သမားကရောဘယ်သူလဲ…။ စသည့် လျှို့ဝှက်ဆန်းကြယ်ရာများကို သည်းထိပ်ရင်ဖိုရရုံသာမက မင်းသားမင်းသမီးကြီးများ၏ အကောင်းစားသရုပ်ဆောင်ချက်များကို မှင်သက်စွာကြည့်ရူခံစားကြရမှာဖြစ်ပါတယ်။ Jinxed at Firstထဲက မင်းသားချောလေး Na In-Wooနဲ့ One Dollar Lawyerထဲက မင်းသမီးလေး Kim Ji-Eunတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။