သင်ဟာ အမှုအခင်းတွေ၊တရားစီရင်ရေးတွေကို စိတ်ဝင်စားလား၊ ပဟေဠိဆန်တဲ့လူသတ်မှုတွေကို သဘောကျလား၊ လေလုံးခပ်ကြီးကြီး စကားခပ်ကြွယ်ကြွယ်နဲ့ဆိုက်နဲ့ ဂိုက်နဲ့ ရှေ့နေဇာတ်ကောင်တွေကို အားကျတဲ့သူလား၊ ကားအကောင်းစားတစ်စီးနဲ့ စတိုင်ကျလွန်းတဲ့ Gentတွေလိုဖြစ်ချင်သလား၊ ဒါတွေအားလုံး Neflixက ဒီနေ့ထွက်ရှိလာတဲ့ Lincoln Lawyerဆိုတဲ့ Legal Drama seriesထဲမှာ အစုံမြင်တွေ့ရမှာပါ။ ကနဦးIMDb 8.6 ဆိုတဲ့ ratingက အာချာပင်မဟုတ်မှန်း အကုန်သိကြမှာပါ။မစ်ကီဟော်လာဆိုတာ တချိန်က တရားရေးရာမှာ အင်မတန်နာမည်ရခဲ့တဲ့ ရှေ့နေတစ်ယောက်ပေါ့၊ လင်ကွန်းကားတစ်စီးနဲ့ လော့စ်အန်ဂျလိစ်ရဲ့ တရားရုံးတိုင်းကိုခြေချင်းလိမ်အောင် အမှုလိုက်ပေးခဲ့ရလို့ Lincoln Lawyerဆိုတဲ့ နာမည်၁လုံးနဲ့ကျော်ကြားခဲ့သူပေါ့၊ ဒါပေမဲ့ အိမ်ထောင်ရေးပြဿနာတွေ၊ accident တစ်ခုကဒဏ်ကြောင့် အကိုက်အခဲပျောက်ဆေးတွေသောက်ရင်း ဆေးစွဲသွားတဲ့ ပြဿနာစသဖြင့် ပြဿနာပေါင်းစုံနဲ့အတူ နာမည်ကျသွားသူပေါ့။ဒီလိုနဲ့တစ်နေ့မှာ သားရွှေအိုးထမ်းတယ်ပဲ ခေါ်ရမလား၊ ဒုက္ခရဲ့ရောင်းရင်းများလို့ပဲဆိုရမလား မသိ၊ မစ်ကီကို တရားသူကြီးချုပ်က ဆင့်ခေါ်ခဲ့ပါတယ်၊ အကြောင်းကမစ်ကီရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ၊ ကားပါကင်ထဲ သေနတ်နဲ့ လုပ်ကြံခံလိုက်ရသူရှေ့နေ ဂျယ်ရီဗင်းဆင့်ဟာ သူမသေခင် ၁၀ရက်အလိုကတည်းက “သူသေခဲ့သော်သူ့ရဲ့လက်ရှိအမှုအားလုံး မစ်ကီကိုလွှဲအပ်ပါတယ်”ဆိုပြီး တရားရုံးမှာ ကြိုတင်ပြီးလျှောက်ထားခဲ့လို့ပါ။ဒီလိုနဲ့ပဲ အမှုလက်မဲ့ဖြစ်နေတဲ့ မစ်ကီတစ်ယောက် သွားလေသူ လုပ်ဖော်ကိုင်ဖက်ရဲ့ခိုးမှုအစ၊လူသတ်မှုအဆုံး အမှုပေါင်းစုံကို လင်ကွန်းကားတစ်စီးနဲ့ ရှေ့နေလိုက်ရပါတော့တယ်၊ ဒါပေမဲ့ ဂျယ်ရီဗင်းဆင့်ကိုသတ်ခဲ့တဲ့ လူသတ်သမားက သူ့အမှုတွေကိုလက်လွှဲယူခဲ့တဲ့ မစ်ကီကိုပါ လုပ်ကြံဖို့ကြိုးစားလာတဲ့အခါ….